နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် မတ်၁၈
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူများစာဖတ်ရှိန်မြင့်မားလာစေရန်နှင့်နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကကျောင်းသားလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်နှင့်အများပြည်သူရှေ့တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်း
ပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်ရာကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူလူငယ်များအားကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


