နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
နတ်မောက် မတ် ၂၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကလေး ငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာ စေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉ နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူ များအနေဖြင့်ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်လူအများရှေ့ တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကိုစဥ်ဆက် မပြတ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်း ပခဲ့ရာကျောင်းသား/သူ များကသတ်မှတ်ထားသည့်ရုပ်ပုံပါပုံပြင်စာအုပ်များနှင့်ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးများကိုတစ်ဦးချင်းစီအလိုက်စိတ်ဝင်စားဖွယ်ဖတ်ကြားယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။



