နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ
နတ်မောက် မတ် ၂၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျောင်းသား/သူ များအသိပညာဗဟုသုတတိုးပွားစေရန်နှင့်နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍တပ်မတော်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကအဆိုပါရုံးရှိလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင် ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်တပ်မတော်၏သမိုင်းကြောင်း နှင့်နေ့ထူးနေ့မြတ်များကိုသိရှိနားလည်စေရန်၊စာဖတ်ခြင်းမှရရှိသောဗဟုသုတများကိုပြန်လည်အသုံး ချတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာပေစွမ်းရည်ထက်မြက်လာစေရန်အတွက်ရည် ရွယ်ကြောင်းပြောကြားရှင်းလင်းခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်တပ်မတော်နေ့နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်ကျောင်းသား/သူ များစိတ်ပါဝင်စားစွာဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများကိုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။




