နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက် မတ် ၂၃

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းရှိဒေသခံပြည်သူများနွေရာသီကာလအတွင်းကျ ရောက်လေ့ရှိသောအလွန်အမင်းပူပြင်းသည့်အပူဒဏ်အန္တရာယ်မှကာကွယ်နိုင်ရန်နှင့်ကျန်းမာရေး အသိပညာပေးများတိုးပွားစေရန်ရည်ရွယ်၍အပူဒဏ်အန္တရာယ်ကာကွယ်ရေးအသိပညာပေးဟော ပြောပွဲကိုယနေ့နံနက်၉နာရီအချိန်ကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအပူလျှပ် ခြင်း၊မူးဝေခြင်းနှင့်ရေဓာတ်ခမ်းခြောက်ခြင်းလက္ခဏာများကိုခွဲခြားသိမြင်ခြင်း၊နေပူရှိန်ပြင်းထန် ချိန်နံနက်၁၀ နာရီမှညနေ၅နာရီအတွင်းအပြင်ထွက်ခြင်းကိုရှောင်ကြဥ်ရန်၊ရေများများသောက်ရန်နှင့် လေဝင်လေထွက်ကောင်းသောအဝတ်အထည်များကိုဝတ်ဆင်ရန်၊အပူလျှပ်သည့်လူနာကိုတွေ့ရှိပါက အရိပ်ရအေးမြသောနေရာသို့ရွှေ့ပြောင်းခြင်းနှင့်ခန္ဓာကိုယ်အပူချိန်အမြန်ဆုံးကျဆင်းအောင်ပြုလုပ် ပေးရမည့်နည်းလမ်းများစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဟော ပြောပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူလေးများကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနကပြသထားသည့်အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် မှတ်တမ်းဓာတ်ပုံများကိုစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026