နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
နတ်မောက် ဧပြီ  ၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ကျောင်းသား/သူများအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက် ၉နာရီခွဲအချိန်ကကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အင်္ဂလိပ်စာအသံထွက်များမှန်ကန်စေရန်နှင့်လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဖတ်ကြားနိုင်သည့်သတ္တိများမွေးမြူပေးနိုင်ရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကိုစီစဥ်ရခြ
င်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကသတ်မှတ်ထားသည့်အင်္ဂလိပ်စာပိုဒ်တိုများနှင့်ပုံပြင်များကိုဖတ်ကြား
ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲသို့ကျောင်းသားမိဘများနှင့်စာပေဝါသနာရှင်များတက်ရောက် အားပေးခဲ့ကြကြောင်းသိရသည်။

oplus_0
oplus_0
oplus_0