နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဧပြီ ၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျောင်း သား/သူ
များအားလပ်ရက်တွင်အကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် က  ကလေးငယ်များစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊လူအများရှေ့တွင်ပြောဆိုဆက်ဆံရာ၌ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်များရှိလာစေရန်၊စာဖတ်ခြင်းမှရရှိသည့်အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း         ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲကိုကျင်းပရာတက်ရောက်လာကြသည့်ကျောင်းသား/သူများက မိမိတို့နှစ်သက်ရာပုံပြင်များကိုကိုယ်ဟန်အမှုအရာအပြည့်အစုံဖြင့်ယှဥ်ပြိုင်ပြောဆိုခဲ့ကြသည်။
ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသားမိဘများနှင့်ကလေးငယ်များကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခင်းကျင်းပြသထားသည့်နံရံကပ်စာစောင်များနှင့်သုတ၊ရသစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။