နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် ဧပြီ ၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးငယ်
များ၏ဖန်တီးနိုင်စွမ်းရည်နှင့်စိတ်ကူးစိတ်သန်းများမြှင့်တင်ပေးနိုင်ရန်နှင့်စာကြည့်တိုက်နှင့်ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရန်ယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ တွင်ပန်းချီပြိုင်ပွဲကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများအနေဖြင့်နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ပန်းချီပညာကိုစိတ်ဝင်စားလာစေရန်နှင့်မိမိတို့၏စိတ်ကူးများကိုဆေးရောင်ခြယ်မှုန်းခြင်းဖြင့်ထုတ်ဖော်ပြသနိုင်စေရန်အတွက်ကျင်းပရခြင်းဖြစ်ကြောင်း                ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာပန်းချီသင်တန်းတွင်တက်ရောက်လာကြသည့် ကျောင်းသား/သူများကမိမိတို့၏စိတ်ကူးစိတ်သန်းကောင်းများဖြင့်စိတ်ကြိုက်ပုံများကိုရေးဆွဲယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။