နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန( Community. Centre)ခန်းမတွင် လူငယ်စာဖတ်ဝိုင်းကျင်းပ
နတ်မောက် မေ ၅
မကွေးတိုင်းဒေသကြီ၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubတို့ပူးပေါင်း၍ စာရေဆရာခင်စောတင့်ရေးသားသည့်”စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေး အမြင်စာစုများ”စာအုပ်ဖြင့်စာဖတ်ဝိုင်းကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်မျာလက်ဆင့်ကမ်းနိုင်ရန်၊စာဖတ်သူအချင်းချင်းရင်းနှီးမှုရှိစေရန်၊ လူမှုရေးကိစ္စများတွင် တစ်ဖက်တစ်လမ်းမှပံ့ပိုးနိုင်ရန်ရည်ရွယ်၍စာဖတ်ဝိုင်းကျင်းပရခြင်းဖြစ် ကြောင်းဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေက “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ”စာအုပ်ထဲမှ”ရွေ့လျားစက်လှေကားပေါ်မှသူ စိမ်း”ခေါင်းစဥ်ပါအကြောင်းအရာများကို ဖတ်ပြရှင်လင်းရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ Book Club အသင်းဝင်များကလည်း မိမိတို့၏အတွေးအမြင်အသိများကိုပြန်လည်ဆွေးနွေးခဲ့ကြသည်။ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူ Book Clubအသင်းဝင်များဖြင့် ပူးပေါင်း၍လူထုအခြေပြုဗဟိုဌာန(Community. Centre) ၌လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။


