နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌နိုင်ငံတော်အစိုးရအဖွဲ့၏ရက်( ၁၀၀)အတွင်း( ၂၈)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကျင်းပ
နတ်မောက် မေ ၁၆
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပညာရေးမှူးရုံးကဦးဆောင်ကြီးကြပ်၌နိုင်ငံတော်အစိုးရအ ဖွဲ့၏ရက်( ၁၀၀)အတွင်း( ၂၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကိုယနေ့နံနက်၉ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ် ပညာရေးမှူးဒေါ်သန်းသန်းအေးနှင့်ဆရာ/မတို့က( ၂၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ များတွင်နတ်မောက်မြို့နယ်ရှိအထက်တန်း၊အလယ်တန်းနှင့်မူလတန်းရှိကျောင်းသား/သူ( ၃၅)ဦးတို့ အားမူးယစ်ကင်းစင်တို့ပြည်တစ်ခွင်သာယာလှပအနာဂတ်ဘဝ၊လွယ်လွယ်နဲ့ရသုံးစွဲကြမူးယစ်သား ကောင်ဖြစ်နေရ၊ဝိုင်းဝန်းကာကွယ်တားဆီးမှ၊မူးယစ်ကင်းစင်-တို့ဝန်းကျင်ပျော်ရွှင်ချမ်းမြ-လုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့မူးယစ်ဆေးကိုအမြစ်ဖြတ်စို့၊ဗလငါးတန်ခိုင်မြဲဖို့မူးယစ်ဆေးကိုတိုက်ဖျက်စို့၊အ ဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ခေါင်းစဥ်များဖြင့်ယှဥ်ပြိုင်နေကြသည့် ကျောင်းသား/သူ များအားကြည့်ရှုအားပေးခဲ့ကြပြီးပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပညာရေးမှူးရုံး မှဆုများကိုအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။




