နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးဌာနမှဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊နေကြာ)အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနည်းပညာနှင့်သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေးနည်းပညာပေးသင်တန်းဖွင့်လှစ်
နတ်မောက် မေ ၁၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးဌာနမှကြီးမှူး၍ဆီထွက်သီးနှံ( မြေပဲ၊နှမ်း၊ နေကြာ) အထွက်နှုန်းတိုးတက်ရေးစိုက်ပျိုးနည်းပညာနှင့်သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်သုံးစွဲရေး နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းကိုယမန်နေ့နံနက်ပိုင်းကနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာ န(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ချိုကဒေသအတွင်းဆီဖူလုံမှုရှိစေရန် အတွက်ဆီထွက်သီးနှံဖြစ်သောမြေပဲ၊နှမ်း၊နေကြာသီးနှံများကိုပန်းတိုင်အထွက်နှုန်းရရှိအောင်စနစ်တ ကျစိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ဓာတုမြေသြဇာသုံးစွဲမှုကိုလျှော့ချပြီးသဘာဝမြေသြဇာများကိုကိုယ် တိုင်ပြုလုပ်သုံးစွဲခြင်းဖြင့်ကုန်ကျစရိတ်သက်သာစေမည့်အပြင်ရေရှည်တွင်မြေဆီလွှာအာဟာရကိုဖွံ့ဖြိုး တိုးတက်စေကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်သင်တန်းတွင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရှိသီးနှံအလိုက်ကျွမ်းကျင်ဝန်ထမ်းများကမြေပဲ၊နှမ်း၊နေကြာသီးနှံများအလိုက်မျိုးကောင်း၊မျိုးသန့်ရွေး ချယ်နည်း၊စိုက်စနစ်မှန်ကန်စေရေး၊ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးနှင့်ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုလျှော့ချရေးနည်းလမ်းများ၊ဒေသအတွင်းအလွယ်တကူရရှိနိုင်သောကုန်ကြမ်းများဖြင့်EMဘို ကာရှီသဘာဝမြေသြဇာပြုလုပ်နည်းစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။အဆို ပါသင်တန်းသို့မြို့နယ်အတွင်းရှိကျေးရွာအုပ်စုအသီးသီးမှဆီထွက်သီးနှံစိုက်ပျိုးကြသည့်ဒေသခံတောင် သူများကစိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိဝန်ထမ်းများကစိုက်ပျိုး ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကိုတောင်သူများအားဖြန့်ဝေပေးခဲ့ကြကြောင်းသိ ရသည်။





o
