နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆို ပြိုင်ပွဲကျင်းပ
နတ်မောက် မေ ၂၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျောင်း သား/သူ များပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူလူငယ်များအနေဖြင့်ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချ တက်စေရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့လာထားသည့်မိဘကျေးဇူး၊ကြာဆစ်ကြိုး၊ပိုးတုံးလုံးနှင့်ပန်းသည်စသည့်ကဗျာများဖြင့်ကိုယ်ဟန်အမှုအရာနှုတ်မှုစွမ်းရည်များ ဖြင့်စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကလေးငယ်များအားမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။



