နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာအလယ်တန်း(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာအလယ်တန်း(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်  ဇွန်  ၁၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အခြေခံပညာအလယ်တန်း(တမာပင်)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက. ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျငိ့ကောင်းများ ရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိရှိ အသုံးချတတ်စေ ရန်နှင့် စာပေ ဖတ်ရှုခြင်းဖြင့် လေ့လာသိရှိရသည့် ဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ သုတစာအုပ်များ၊ ဝတ္ထုစာအုပ်၊ မဂ္ဂဇင်းစာအုပ် နှင့် ကလေးများကြိုက်နှစ်သက်မည့် ရုပ်ပြ ၊ ပုံပြင်စာအုပ်များစုံလင်စွာ သယ်ဆောင်၍ Mobileစနစ်ဖြင့် စာအုပ်များငှားရမ်းပေးခဲ့ရာ ရက်သတ္တပတ်နှစ်ပတ်ကြာအတွင် စာအုပ် စာစောင်အသစ် များလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများနှင့်ဌာနဆိုင်ရာ ဝန်ထမ်းများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် လွယ်ကူစွာစာပေဖတ်ရှုနိုင်   စေရန် ဌာနဆိုင်ရာရုံးများ နှင့် မြို့ပေါ်ရပ်ကွက်များသို့ အပတ်စဉ်သွားရောက်၍ သုတ၊ ရသစာအုပ်များအား အခမဲ့ငှားရမ်းပေးလျက်ရှိပြီး ကျောင်းဖွင့်ရာသီ​ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့ပေါ်ရှိ အခြေခံပညာရေးကျောင်းများကိုလည်း သွားရောက် ငှားရမ်းပေးသွားမည်ဖြစ်သည်။