နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်    ဇွန် ၁၃

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်၂နာရီအချိန်ကကျင်း ပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များအနေဖြင့်အားလပ်သည့်အချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှု စွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာအမှတ်( ၁)အခြေခံပညာအ ထက်တန်းကျောင်းရှိမူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ပုံပြင်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မူစွမ်းရည်ထက်မြက်စွာယှဥ်ပြိုင်နိုင်သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီး မြှင့်ပေးခဲ့ကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026