- နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေး နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပ
နတ်မောက် ဇွန် ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က ဗလငါးတန် နှင့်ပြည့်စုံသည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန်၊ စိတ်ကူးစိတ်သန်း ကောင်းမွန်စေရန်၊ ပန်းဆယ်မျိုးတွင် တစ်ခုအပါအဝင်ဖြစ်သည့် ပန်းချီပညာကို ပိုမိုလေ့လာနိုင်စေ ရန်နှင့် အထိမ်းအမှတ်ပွဲများအား အစဉ်သတိရစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်အဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲဝင်စည်မျဉ်းစည်းကမ်းများအား ပြောကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက “ မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ အမှတ်( ၁)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်( ၂ )အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း( အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောဂ်း( တမာပင်)တို့မှ အလယ်တန်းဆင့် နှင့်မူလတန်းအဆင့်ကျောင်းသား၊ကျောင်းသူ( ၃၈) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။




