နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက် ဇွန် ၂၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံ သုံးခန်းမတွင် ကျင်းပခဲ့ သည်။

ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် ၊ ဦးစီးအရာရှိက ကျောင်းသားလူငယ်များ အသိပညာဗဟုသုတကြွယ်ဝစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန်၊ စိတ်ကူးစိတ်သန်း ထက်မြက်စေရန်၊ ပန်းဆယ်မျိုးတွင်တစ်ခုအပါအဝင်ဖြစ်သည့် ပန်းချီပညာကို ပိုမိုလေ့လာနိုင်ရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေ ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲဝင် စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပရာ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများက “စာကြည့်တိုက်မှသည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့ တွင် အမှတ်( ၁)အခြေခံပညာအထက်ကျောင်း ပတ္တမြားခန်းမ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026