နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဇွန် ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး ဌာနတို့ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်း ပရခြင်း၏ရည်ရွယ်ချက်နှင့်ဒိုင်အဖွဲ့ဝင်တစ်ဦးကအမှတ်ပေးစည်းကမ်းချက်များကိုရှင်းလင်းပြော ကြားခဲ့သည်။ထို့နောက်အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင်မြို့ပေါ်ရှိအခြေခံပညာအ ထက်တန်းအဆင့်ကျောင်းသား/သူ နှင့်အလယ်တန်းအဆင့်ကျောင်းသား/သူ များကလူငယ်နှင့်စာ ဖတ်ခြင်း၊လူငယ်များနေ့စဥ်စာဖတ်ခြင်း၏အကျိုးကျေးဇူး၊စာပေချစ်မြတ်နိုးသောလူငယ်များတိုး ပွားရေး၊ဗလငါးတန်ဖွံ့ဖြိုးဖို့စာအုပ်စာပေဖတ်ကြစို့၊အသိပညာဗဟုသုတကြွယ်ဝရေးစာပေလေ့လာ ကြစို့၊စာဖတ်ခြင်း၏တန်ဖိုးနှင့်အကျိုးကျေးဇူး၊စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ကျောင်းစာကြည့်တိုက်များ ၏အခန်းကဏ္ဍ၊လူမှုဘဝမြင့်မားဖို့စာဖတ်ရှိန်မြှင့်တင်စို့စသည့်ခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြသည်။အဆိုပါပြိုင်ပွဲသို့ဆရာ/မ များ၊ကျောင်းသား/သူ များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။





