နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအမြဲ မပြက်လေ့လာသင်ယူရေးစကားဝိုင်းကျင်းပ
နတ်မောက် ဇွန် ၂၆
ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗ ဟုသုတများကိုပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီး မှူးကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအ မြဲမပြက်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)ကိုယမန်နေ့နံနက်၁၀ နာရီ အချိန်ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစကားဝိုင်းတွင်နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး ( ဦးစီးအရာရှိ-တွဲဖက်)ကဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီးအမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်းGrade-11ကျောင်းသူမလှဝေကြည်၊အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းGrade-11 ကျောင်းသူမချမ်းအေးအိမ်၊အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)Grade-11ကျောင်းသူ မနွေးမြတ်နိုးခင်၊အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)Grade-9ကျောင်းသား မောင်အံ့ဘုန်းသုရှင်မင်းတို့ကစာရေးဆရာနန္ဒါသိန်းဇံရေးသားသည့်ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း ခေါင်းစဥ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့်ကျောင်းသား/သူ များကဆွေးနွေး ခဲ့ကြသည့်အကြောင်းအရာများအပေါ်အခြေခံကာမိမိတို့သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းခဲ့ရာဦး ဆောင်သူဦးစီးအရာရှိနှင့်ပါဝင်ဆွေးနွေးသူများကအသီးသီးပြန်လည်ဖြေကြားပေးခဲ့သည်။အဆိုပါ စကားဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့်လူငယ်ရေးရာအ သိပညာပေးနံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးစသည့်နံရံကပ်စာ စောင်များကိုကျောင်းသား/သူ များကစိတ်ဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြသည်။






