နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
နတ်မောက် ဇွန် ၂၅
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်
ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ပတ္တမြားခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)မှကျောင်းသူလေး များကအနာဂတ်လူရည်ချွန်သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးအရာရှိ ဦးညီညီလွင်တို့က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရ အနေဖြင့် ပညာရေးကဏ္ဍ အားပေးမြှင့်တင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ၊ကျောင်းသား၊ ကျောင်းသူ၊လူငယ်များ ပညာဗဟုသုတပြည့်စုံကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိ ရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူ ကောင်းများဖြစ်လာစေရန်အတွက် ငယ်စဉ်ကပင် စာကောင်းပေမွန်များဖတ်ရှုလေ့လာကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့သည်။ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ လေးများက ပညာ ဘဏ်တိုက် စာကြည့်တိုက်သီချင်းဖြင့်ဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကျောင်းအုပ်ဆရာကြီးအား စာကြည့်တိုက်တွင် ကျောင်းသားကျောင်းသူများ ဖတ်ရှု လေ့လာ နိုင်ရန် သုသရသစာအုပ်များအားလှူဒါန်းပေးခဲ့သည်။
ထို့နောက် အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် အထက်တန်း အဆင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများနှင့် စာရေးဆရာ နန္ဒာသိန်းဇံရေးသားသောခရောင်းလမ်းကိုဖြတ်ကျောခြင်းစာအုပ်ဖြင့် အမြဲမပြတ်လေ့လာသင်ယူ ရေးစကားဝိုင်း Never Stop Learning Talk Show တွင်ပါဝင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများတို့ကို ဂုဏ်ပြုလက်ဆောင်များဖြင့် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးဝင်းနိုင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ဌာန ဆိုင်ရာတို့က အသီးသီးဆုများချီးမြှင့်ပေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင် အကြီးအကဲများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများးအားအမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသူလေးများက အလှဆုံးပန်းများပွင့်ကြပြီးသီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ပေးခဲ့ကြောင်းသိရသည်။
oplus_1026 oplus_1026 oplus_1026
![]()
![]()
![]()



