နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲပြုလုပ်

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲပြုလုပ်

နတ်မောက် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကအမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကကျောင်းသား/သူ များယဥ်ကျေး လိမ္မာမှုရှိစေရန်နှင့်စည်းကမ်းရှိစေရန်အသိပညာပေးပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များအနေဖြင့်အားလပ်ချိန်ကိုအ ကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွားစေရေးအတွက်ကျောင်းစာအပြင်ပြင်ပစာပေများကို လေ့လာဖတ်ရှု့ကြစေရန်၊ဗလငါးတန်နှင့်ပြည့်စုံသောလူတော်လူကောင်းများဖြစ်လာစေရန်အတွက်အ သိပညာပေးအကြောင်းအရာများကိုဟောပြောခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနကပြသထားသည့်နံရံကပ်စာစောင်များကိုကျောင်းသား/သူ များကကြည့်ရှုလေ့လာခဲ့ ကြကြောင်းသိရသည်။

oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026
oplus_1026