နတ်မောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
နတ်မောက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေသနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍
ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်၉နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကကျောင်းသား၊ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီးကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ဥာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊
နောင်တစ်ချိန်တွင် နိုင်ငံ တော်မှ အားကိုးအားထားပြုရမည့် လူတော် လူကောင်းလူရည်ချွန်၊
လူရည်မွန်များဖြစ်လာစေရန် ၊အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ယှဥ်ပြိုင်နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍
ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ကျင်းပရာမြို့ပေါ်ရှိ အမှတ်( ၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်( ၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)နှင့်အခြေခံပညာ အလယ်တန်းကျောင်း( တမာပင်)တို့မှ
ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများက “အာဇာနည်မြင်း၊နိဓဂြာဓသမင်မင်း၊အာဇာနည်ခေါင်းဆောင်၊အာဇာနည်ပန်းများရဲ့ကတိသစ္စာ၊သူရဲကောင်းနှင့်ဘုရားလောင်းမျောက်မင်း”တို့၏ခေါင်စဉ်များဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်
ကျောင်းသား၊ကျောင်းသူများအား(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာ
ပေး ဟောပြောပွဲနှင့်ဆုပေးပွဲအခမ်းအနားတွင်ဆုများဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။



