နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက်
နတ်မောက် ဇူလိုင် ၂၃
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိဥာဏ်နှင့်စွမ်းရည်ကိုမြှင့်တင်ရန်၊အတွေ့အကြုံသစ်များဗလှယ်ရန်၊လူမှုအသိုက်အဝန်းအတွင်းတီ တွင်ဖန်တီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဗဟုသုတမျှ ဝေခြင်းအစီအစဥ်ဆောင်ရွက်ခြင်းကိုယနေ့နံနက်၁၀ နာရီအချိန်ကအဆိုပါရုံးတွင်ဆောင်ရွက်ခဲ့ကြ သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကရုံးဝန်ထမ်း များလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်သိမှု၊တာဝန်ယူမှု၊တာဝန်ခံမှု၊စိတ် ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတို့အတွက်ချမှတ်သည့်အျက်( ၁၄)ချက်အားရှင်းလင်းခြင်းနှင့်စာရေး ဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်ကောင်း”ခေါင်းစဥ်ပါအကြောင်းအရာများ ကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင်ရုံးဝန် ထမ်းများကလည်းစိတ်ဝင်စားစွာရေးမှတ်ကြပြီးသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

