နတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ
နတ်မောက် ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်မြို့နယ်သဘင်အလုပ်အမှုဆောင်များရွေးခြယ်တင်မြှောက် ပွဲအခမ်းအနားကိုယနေ့နံနက်၉နာရီအချိန်ကနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအရုံးသဘာပတိကအလုပ်အမှု ဆောင်များ၏လုပ်ငန်းတာဝန်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပြီးမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနဒုတိယဦးစီးမှူးကဥပဒေရေးရာအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်နတ်မောက်မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်( ၈)ဦးတို့အားသဘင်အနု ပညာရှင်များ၏ဆန္ဒဖြင့်ရွေးခြယ်ပေးခဲ့ကြသည်။မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံသဘင်အစည်းအ ရုံးသဘာပတိကမြန်မာနိုင်ငံသဘင်အစည်းအရုံး( ဗဟို)၏ရည်ရွယ်ချက်နှင့်လမ်းညွှန်ချက်များကိုရှင်း လင်းပြောကြားခြင်းနှင့်တက်ရောက်လာကြသည့်သဘင်အနုပညာရှင်များကိုကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသိရသည်။





