နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်
မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကစာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ကလေးငယ်များဘဝစွမ်းဆောင်ရည်မြင့်မားစေရန်၊စိတ်လက်ပျော်ရွှင်စေရန်၊ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရ ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိမူလတန်းအဆင့်ကျောင်းသား/သူများကကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရာကျောင်းသား/သူလေးများမှမိမိတို့နှစ်သက်သည့်ကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ကြပြီးဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီး မြှင့်ပေးခဲ့ကြောင်းသိရသည်။

oplus_1026