နတ်မောက်မြို့၌ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းဖွင့်လှစ်
နတ်မောက် ဇန်နဝါရီ ၂၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရင်မိုးက ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၊ ကလေးနှင့်လူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများနှင့်သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်းဖြစ်ရပ်စီမံခန့်ခွဲမှုနှင့် စေတနာ့ဝန်ထမ်းလုပ်ငန်း၊ စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများအား ထောက်ပံ့ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ နှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း စသည့် အကြောင်းအရာများကို သင်ကြားဆွေးနွေးပေးခဲ့သည်။အဆိုပါသင်တန်းသို့ မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ(၃၅)ဦး တက်ရောက်ခဲ့ပြီး ၊ သင်တန်းသား/ သူများအား ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ(၂၀၁၉)ခုနှစ် စာအုပ်အား လူမှုဝန်ထမ်းဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။



