နတ်မောက်မြို့နယ်တွင် (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
နတ်မောက် ဇန်နဝါရီ ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး ဌာနတို့ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊(၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြစ်ပေါ်လာပုံ၊ နောက်ခံသမိုင်းကြောင်းများနှင့် ဆက်လက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များကို ကျောင်းသား/သူများအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကို “ကျွန်ု်ပအနှစ်သက်ဆုံးစာအုပ်တစ်အုပ်” ခေါင်းစဉ်ဖြင့် ကျင်းပ ခဲ့သည်။ထို့နောက် ကျောင်းသား/သူများ အသိပညာဗဟုသုတများရရှိစေရန် အထွေထွေဗဟုသုတ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းခဲ့ပြီးဖြေဆိုနိုင်သူများအား ဗလာစာအုပ်၊ဘော့ပင်များကို ဆုလက်ဆောင်ပေးခဲ့ကြောင်းသိရသည်။








