နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခမဲ့ကွန်ပျူတာသင်တန်းဖွင့်လှစ်
နတ်မောက် မတ်လ ၄
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူအထုအခြေပြုဗဟိုဌာန(Community Centre) တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုကွန်ပျူတာသင်တန်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။
နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)သင်တန်းခန်းမတွင် ကွန်ပျူတာသင်တန်းကိုမတ်လ ၃ရက်နေ့မှ ၃၁ရက်နေ့အထိ(၁)လကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။