နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းအခမဲ့ဖွင့်လှစ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ အခြေခံကွန်ပျူတာသင်တန်းအခမဲ့ဖွင့် လှစ်
နတ်မောက် မတ် ၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)၌ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်များကိုအချိန်ရှိစွာအသုံးချနိုင်စေရန်နှင့်ကွန်ပျူတာနည်းပညာရပ်များတတ်မြောက်စေရန်ရည်ရွယ်၍အခြေခံကွန်ပျူတာ သင်တန်းကိုယမန်နေ့နံနက်ပိုင်းကဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက်အထောက်အကူပြုသင်တန်းများဖွင့်လှစ်ပေးခြင်းနှင့်အိုင်စီတီနည်းပညာများဖြင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ခေတ်မီနည်းပညာရပ်များကိုအသုံးချပြီး မိမိတို့၏ဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ရန်၊ကျောင်းပိတ်ရက်များတွင်အချိန်ကိုအ
ကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်ချက်များဖြင့်သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းရှင်း
လင်းပြောကြားခဲ့သည်။အဆိုပါသင်တန်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးခန့်စည်သူထွန်းကကွန်ပျူတာအခြေခံစနစ်များ၊စာစီစာရိုက်နည်းပညာများ၊Internetနှင့်Emailအသုံးပြုနည်းများစသည့်ဘာသာရပ်များကိုစာတွေ့၊လက်တွေ့စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းတွင်ကျောင်းသား/သူ(၂၀)ဦးတက်ရောက်ခဲ့ကြရာသင်တန်းကာလမှာရက်သတ္တပတ် (၄)ပတ်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။