နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ
နတ်မောက် မတ် ၁၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီအချိန် ကအဆိုပါရုံးတွင်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း(စာကြည့်တိုက်လက်ထောက်(၃)ကမြန်မာစာပေ၏အရေးပါမှုကိုသိရှိနားလည်စေရန်၊နေ့စဥ်အသုံးပြုနေသောစကားလုံးများတွင်သတ်ပုံအမှားများလျော့နည်းလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီးဗဟုသုတရှာမှီးလိုစိတ်မြှင့်တင်ပေးရန်စသည့်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း
ရှင်း လင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်ကျောင်းသား/သူ(၃၀)ဦးကယှဥ်ပြိုင်ခဲ့ကြရာသတ်မှတ်ထား
သောမြန်မာစကားလုံးများထဲမှအမှားနှင့်အမှန်ကိုမှန်ကန်မြန်ဆန်စွာရွေးချယ်နိုင်သူများကိုမြို့နယ်ပြန်
ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုများချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။

oplus_2
oplus_2
oplus_2