နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
နတ်မောက် မတ်၁၀
မကွေးတိုင်းဒေသကြီးနန်မောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့နံနက်(၁၁)နာရီအချိန်က လူ ထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌဒေါ်အေးအေးစိုးကကလေးအလုပ်သမား၏အဓိပ္ပါယ်၊
ကလေးများအလုပ်ခွင်သို့စောစီးစွာဝင်ရောက်ခြင်းကြောင့်ရရှိလာမည့်ကိုယ်ကာယ၊စိတ်ပိုင်းဆိုင်
ရာနှင့်ပညာရေးထိခိုက်မှုများ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများနှင့်ကာကွယ်စောင့်ရှောက်
မှုများစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ယဥ်ကျေးလိမ္မာသင်တန်း
တွင်ဝင်ရောက်ဖြေဆိုကြရာတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့်ပထမဆု၊ဒုတိယဆု၊တတိယဆုနှင့်အထူးဆု
ရ ကျောင်းသား/သူများကိုမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး
အသင်း၊ယဥ်ကျေးလိမ္မာသင်တန်းနည်းပြဆရာမများကဆုများကိုအသီးသီးချီးမြှင့်ခဲ့ကြကြောင်း
သိရသည်။





