နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
နတ်မောက် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ
ရေးဌ နတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၁၀
နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/ သူများ ဥာဏ်ရည်၊ဥာဏ်သွေးပိုမိုမြှင့်မားလာစေရန်၊အစုအဖွဲ့များဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်
တက်စေရန်၊စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီးစာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာကာစာ
ပေဖတ်ရှု့ခြင်းဖြင့်အတွေးအမြင်ဗဟုသုတများပိုမိုကြွယ်ဝလာစေရန်နှင့်ထူးချွန်ထက်မြတ်သည့်လူ
ငယ်များပေါ်ပေါက်လာစေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းရှင်းလင်း
ပြောကြားခဲ့သည်။ထို့နောက်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာကျောင်းသား/သူ(၉)ဦး ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင်ဆုရရှိသူကျောင်းသား/သူများအားမြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
