နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
နတ်မောက် သြဂုတ် ၂၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး
ဌာနတို့ပူးပေါင်း၍စာဖတ်ရှန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက် ၁၀ နာရီအချိန်က                           အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး(ဦးစီးအ ရာရှိ -တွဲဖက်)                  ကကျောင်းသား/သူများဗလငါးတန်နှင့်ပြည့်စုံ၍အသိပညာဗဟုသုတများတိုးပွားလာစေ
ရန်ရည်ရွယ်ချက်ဖြင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကျင်းပရခြင်းဖြစ်ကြောင်း၊လူငယ်
လူရွယ်များစာပေကိုလေ့လာဖတ်ရှုလိုကြောင်းစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့
သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထား
သောသုတ၊ရသစာအုပ်စာစောင်ပြပွဲနှင့်အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာကျောင်းသား/သူ
များက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်းသိရသည်။

oplus_1026
oplus_1026