နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

နတ်မောက်            ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုယမန်နေ့ နေ့လည်(၁၂)နာရီအချိန်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ သူများအားဖြန့်ဝေပေးခဲ့သည်။                        အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေး၊လူရွယ်၊လူငယ်၏အဓိပ္ပာယ်ဖော်ပြချက်၊ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ် ချက်၊အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသည့် မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိသော ကျန်းမာရေးကို ထိခိုက်စေသော၊ ပညာသင်ကြားနိုင့်သည့် အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော ၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသော နည်လမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရစသည့်အကြောင့်အရာများ ပါဝင်သည့်အသိပညာပေးလက်ကမ်းစာစောင်ကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။