နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက် ဇန်နဝါရီ၂၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်(၁၀)
နာရီ အချိန်က လူထု အခြေပြုဗဟိုဌာန(Community Centre)ဘက်စုံခန်းမတွင်ကျင်း ပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်မူအောက်ဆင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးဒိုင်အဖွဲ့ဝင်ဆရာတစ်ဦးကပြိုင်ပွဲ၏အမှတ်ပေးစည်းကမ်းချက်များကိုရှင်းလင်းပြော ကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲများကိုကျင်းပခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊အခြေခံပညာမူလတန်းကျောင်း(စျေးရပ်)တို့မှ(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပုံပြင်ပြောပြိုင်ပွဲကိုကျောင်းသား/သူစုစုပေါင်း(၆)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူများအား၂၀၂၆ခုနှစ်ဖေဖော်ဝါရီ၁၂ရက်ပြည်ထောင်စုနေ့အခမ်းအနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။





