နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌အင်္ဂလိပ်စာပညာ ဒါန သင်တန်း ဖွင့်လှစ်
နတ်မောက် မတ်လ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ အင်္ဂလိပ်စာပညာဒါနသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမ တွင်ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန် ၊ နိုင်ငံတကာသုံးဘာသာစကားဖြစ်သည့် အင်္ဂလိပ်စာကို အခြေခံမှစ၍ ကျွမ်းကျင်စွာပြောဆို ရေးသားနိုင်ရန်နှင့် လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍အခမဲ့သင်ကြားပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းတွင် အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာမ ဒေါ်ဂျူးဂျူးမာ က English Grammar ,English Speaking တို့ကို အဆင့်ဆင့် သင်ကြား ပေးသွား မည်ဖြစ်ပြီး နတ်မောက်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ(၅၅) ဦး တို့က စိတ်ပါဝင်စားစွာတက်ရောက်လျက်ရှိသည်။ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင် အင်္ဂလိပ်စာပညာဒါနသင်တန်းကို မတ်လ ၃ရက်နေ့မှ ၃၁ရက်နေ့အထိ (၁)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။




