နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် မတ် ၉
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကအဆိုပါရုံးတွင်ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်
ကကျောင်းသား/သူကလေးငယ်များအနေဖြင့်လူအများရှေ့တွင်စကားပြောဆိုရာ၌ရဲဝံ့စွမ်းရည်ရှိ
စေရန်စာဖတ်ရှိန်မြှင့်တင်ပေးခြင်းဖြင့်ဗဟုသုတကြွယ်ဝလာစေရန်၊မြန်မာ့ရိုးရာကဗျာအလှနှင့်စာပေ
အနုပညာကိုထိန်းသိမ်းတတ်စေရန်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်း
လင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့
လာထားသည့်ကဗျာခေါင်းစဥ်များဖြင့်အသံနေအသံထား၊ကိုယ်ဟန်အမှုအရာများဖြင့်စိတ်ပါဝင်စား
စွာရွတ်ဆိုယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူလေးများကဗဟုသုတတိုးပွားစေရန်အတွက်ပြသထား
သည့် နံရံကပ်စာစောင်များကိုလည်းစိတ်ပါဝင်စားစွာဖတ်ရှုခဲ့ကြကြောင်းသိရသည်။


