နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက် မေ ၂၂

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန် မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကစျေးရပ်ကွက် ရှိပညာနန်တော်ဘော်ဒါကျောင်းဆောင်တွင်ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်ဒေါ်သိမ့်သိမ့်မိုး( တွဲဘက်ဦးစီးအရာရှိ)ကလူငယ်များအနေဖြင့်ကျောင်းသင် ခန်းစာအပြင်ပြင်ပဗဟုသုတစာပေများကိုပါအစဥ်တစိုက်ဖတ်ရှုလေ့လာကြရန်နှင့်အချိန်ကိုအကျိုးရှိ စွာအသုံးချတတ်စေရန်စာအုပ်စာစောင်များဖတ်ရှုခြင်းဖြင့်ဆင်ခြင်တုံတရားနှင့်အတွေးအခေါ်မှန်ကန် စေရေး၊လူငယ်များခေတ်မီနည်းပညာများကိုအကောင်းမြင်စိတ်ဖြင့်စနစ်တကျအသုံးပြုတတ်စေရေး နှင့်မူးယစ်ဆေးဝါးအန္တရာယ်သတိပြုရှောင်ရှားကြရန်စသည့်အကြောင်းအရာများကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကပြသထားသည့်လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူ များက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

oplus_2
oplus_2
oplus_2