နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်
နတ်မောက် ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ရှန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယမန်နေ့နေ့လယ် ၂နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က( ၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုစာစီစာကုံး၊ပန်းချီ၊ပုံပြင်ပြောပြိုင် ပွဲများပြုလုပ်နိုင်ရေးနှင့်ဆုချီးမြှင့်ပွဲပြုလုပ်နိုင်ရေးစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ဆရာကြီး၊ဆရာမကြီးများကပြိုင်ပွဲများပြုလုပ်နိုင်ရေးမိမိတို့ ကျောင်းများရှိကျောင်းသား/သူ များပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ကြရန်၊အလယ်တန်းအဆင့်၊အထက် တန်းအဆင့်ကျောင်းသား/သူ များကို( ၁၃)ရက်နေ့မှစတင်၍( ၁၆)ရက်နေ့အထိပြိုင်ပွဲများပြုလုပ်မည် ဖြစ်ပြီး( ၁၇)ရက်နေ့တွင်ဆုများချီးမြှင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတက်ရောက်လာကြသည့်ဆရာကြီး၊ ဆရာမကြီးများကချပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။


