နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ
နတ်မောက် ဇူလိုက် ၁၄
မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ ရေးဌာနတို့ပူးပေါင်း၍(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်းအဆင့်စာစီစာ ကုံးပြိုင်ပွဲကိုယနေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCenter)ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်ဥမ္မာခင်၊ဦးစီးအရာရှိက ကျောင်းသား၊ကျောင်းသူများအားဗလငါးတန်နှင့်ပြည့်စုံပြီးထူးချွန်ထက်မြက်သည့်လူတော်လူ ကောင်းများပေါ်ထွန်းလာစေရန်၊နေ့ထူးနေ့မြတ်များအားအစဉ်သတိရနေစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ စာပေလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ပါကြောင်းပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍မြို့နယ်အဆင့် ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)
တို့မှကျောင်းသား၊ကျောင်းသူ(၃၅)ဦးတို့က“အနာဂတ်လူငယ်များ၏မျိုးချစ်စိတ်ဓာတ်နှင့်စည်းလုံး ညီညွတ်ရေး”ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲတွင်ဆုများချီးမြှင့် ပေးသွားမည်ဖြစ်သည်။



