နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက် သြဂုတ် ၂၁
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူများဥာဏ်ရည်ဥာဏ်သွေး ပိုမိုမြင့်မားလာစေရန်၊အစုအဖွဲ့ဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်၊စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိပြီးစာပေချစ်မြတ်နိုးသည့်စိတ်များပေါ်ပေါက်လာကာစာဖတ်ရှု့ခြင်းဖြင့်အတွေးအမြင်ဗဟုသုတများပိုမိုကြွယ်ဝလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲများကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကတို့မေမေ ၊ပင်ဝါးရုံ၊တစ်ကိုယ်ရေသန့်ရှင်းကျန်းမာရေးနှင့်လူလေးကြီးရင်စသည့်ကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြင့်ပေးခဲ့ကြောင်းသိရသည်။

oplus_1026
oplus_1026