နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်မြန်မာ့ရိုးရာတေးသံသာသီဆိုယှဥ် ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre)တွင် မြန်မာ့ရိုးရာတေးသံသာသီဆိုယှဥ် ပြိုင်ပွဲကျင်းပ
နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်သဘင်အစည်းအရုံးတို့ပူးပေါင်း၍မြန်မာ့ရိုးရာယဥ်ကျေးမှုအနုပညာလက်ရာများကိုချစ်မြတ်နိုးတန်ဖိုးထားတက်စေရန်နှင့်လူငယ်မောင်မယ်များ၏အနုပညာစွမ်းရည်များမြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍မြို့ပေါ်ရှိလူငယ်မျိုးဆက်သစ်ဝါသနာရှင်များဖိတ်ခေါ်၍မြန်မာ့ရိုးရာတေးသံသာသီဆိုယှဥ်ပြိုင်ပွဲကိုယမန်
နေ့နံ နက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များ၊အမှတ်ပေးဒိုင်အဖွဲ့၏အမှတ်ပေးစည်းမျဥ်းများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိလူငယ်မျိုးဆက်သစ်အနုပညာဝါသနာရှင်များ၊ကျောင်း သား/သူ (၂၅)ဦးတို့ကမိမိသို့ကြိုက်သစ်သက်သည့်မြန်မာ့ရိုးရာတေးသီချင်းများဖြင့်ယှဥ်ပြိုင်ခဲ့ကြရာ
ပြိုင်ပွဲသို့ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ဒေသခံပြည်သူများ၊ကျောင်း သား/သူများတက်ရောက် ကြည့်ရှု့အားပေးခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသူများကိုစက်တင်ဘာ၁၀ရက်နေ့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနတွင်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်

oplus_1026