နတ်မောက်မြို့၌အမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းNever Stop Learning Talk Showကျင်းပ
နတ်မောက် စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး နှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအမြဲမပြတ်လေ့လာသင်ယူရေးစကားဝိုင်းNeverStop Learning Talk Showကျင်းပခြင်းကိုယမန်နေ့နံနက်ပိုင်းကနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန (CommunityCentre)ဘက်စုံသုံးခန်းမတွင်ပြုလုပ်ခဲ့သည်။
အဆိုပါစကားဝိုင်းဆွေးနွေးပွဲကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး (ဦးစီးအရာရှိ-တဲဖက်)ကဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ်ဆောင်ရွက်ပြီးအမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိGrade-11ကျောင်းသား/သူ(
၄)ဦးတို့ကစာရေးဆရာအောင်သင်းရေး သားသည်“လူငယ်ရဲ့ဘဝနှင့်တန်ဘိုး”စာအုပ်ထဲမှအချိန်ကိုဘယ်လိုအသုံးချသလဲ၊ထိပ်ဆုံးကလူ၊တန်ဖိုးသုံးမျိုး၊စာရိတ္တတန်ဖိုးစသည့်ခေါင်းစဥ်များဖြင့်လူငယ်များအသိပညာဗဟုသုတရရှိစေရန်အတွက် အကျယ်တဝင့်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာသည့်ကျောင်းသား/သူများကမိမိတို့သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာသက်ဆိုင်ရာခေါင်းစဥ်များအလိုက်ပါဝင်ဆွေးနွေးသူများကပြန်လည်ဆွေးနွေးဖြေ ကြားခဲ့ကြသည်။အဆိုပါစကားဝိုင်းသို့ဆရာ/မ များကျောင်းသား/သူ
များတက်ရောက်ခဲ့ကြကြောင်းသိ ရသည်။



