နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ နတ်မောက် ဖေဖော်ဝါရီ ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရာတွင်ကျောင်းသား/သူ များဥာဏ် ရည်ဥာဏ်သွေးထက်မြက်စေရန်၊ယှဥ်ပြိုင်ကြိုးစားတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ထူးချွန်ထက်မြက်သည့်လူရည်ချွန် ကောင်းများဖြစ်စေရန်ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ဆက် လက်၍အခြေခံပညာမူလတန်းကျောင်း(စျေး)ရှိကျောင်းသား/သူ(၃၀)ဦးတို့ကသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှဆုများချီးမြှင့်ပေးခဲ့သည်။  

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် စာဖတ်ဝိုင်းကျင်းပ နတ်မောက်   ဖေဖော်ဝါရီ ၃ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန Community Centre တွင် ယနေ့ နံနက် (၉)နာရီ က “လူငယ်တွေ စဉ်းစားဖို့”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ နားထောင်မှုစွမ်းရည် ၊  နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန်…

Read More

နတ်မောက်မြို့၌ “ဗလငါးတန်ပြည့်ဝ ဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌ “ဗလငါးတန်ပြည့်ဝ ဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ ၃၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ ၌ “ဗလငါးတန်ပြည့်ဝဖို့အားလုံးကြိုးပမ်းစို့”ခေါင်းစဥ်ဖြင့်စာစီစာကုံးပြိုင်ပွဲကို                                 ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပခဲ့သည်။ အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် စာရေးဆ ရာမောင်နန္ဒ(မြစ်ကြီးနား)က အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက်မြို့နယ် …

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ် နတ်မောက်  ဇန်နဝါရီ၁၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင် ချစ် မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍စာဖတ်ဝိုင်းကိုယနေ့နံ နက်၁၀နာရီအချိန်ကလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်း မတွင်ကျင်းပခဲ့သည်။                       …

Read More

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ         

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ                                                           …

Read More

နတ်မောက်မြို့နယ်အ.ထ.က(၁)တွင်နယ်လှည့်၊နံရံကပ်၊စာအုပ်စာစောင်ပြပွဲကျင်းပ

နတ်မောက်မြို့နယ်အ.ထ.က(၁)တွင်ကျောင်းသား/သူများအသိပညာဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ နယ်လှည့်၊နံရံကပ်၊ဓာတ်ပုံ စာအုပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။အဆိုပါပြပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်အသိပညာပေးအကြောင်းအရာများ၊ လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများ၊ သဘာဝဘေးအသိပညာပေးအကြောင်းအရာများကို ကျောင်းသား/သူများစိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။    

Read More