နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်     အောက်တိုဘာ ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကိုယမန်နေ့ နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး( ၁) ဒေါ်ရီရီငြိမ်းကတီဘီရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ် ကြောင်း၊ရက်သတ္တပတ်( ၂)ပတ်ကျော်ချောင်းဆိုးခြင်း၊သွေးအန်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊အ စာစားချင်စိတ်လျော့နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာစမ်းသပ်စစ်ဆေးခြင်းကုသမှုခံယူသင့်ကြောင်းနှင့်တီဘီရောဂါရှိ/မရှိရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊သလိပ်စစ်ခြင်းတို့ကိုစစ်ဆေးရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ရာတက် ရောက်လာကြသူများကသိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများကိုအယ်လ်နီညိုရာသီဥတု​​ဖြစ်စဥ်ကာလဝယ်ကျန်းမာအောင်နေကြမယ်လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက်      အောက်တိုဘာ ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာ နတို့ပူးပေါင်း၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်သည့်ကဗျာခေါင်းစဥ်များဖြင့်ရွတ်ဆိုယှဥ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲတွင်အကောင်းဆုံးယှဥ်ပြိုင်နိုင်သည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်    အောက်တိုဘာ ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စီးမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကအယ်လ်နီညိုဖြစ် စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကိုယမန်နေ့နေ့လည်၁နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက် စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ ကလည်းအယ်လ်နီညိုဖြစ်စဥ်ကြောင့်ရာသီဥတုဖောက်ပြန်ခြင်း၊အပူလွန်ကဲခြင်း၊မိုးခေါင်ရေရှားပါး နိုင်ခြင်း၊နတ်မောက်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုပေါ်ပေါက်လာပါကသောက်သုံးရေအဆင် ပြေစေရေးစနစ်တကျကြိုတင်စုဆောင်းရန်၊ရာသီဥတုပူပြင်းမှုကြောင့်ဖြစ်ပွားတတ်သည့်အပူရှပ်ခြင်း နှင့်ရေဓာတ်ခမ်းခြောက်ခြင်းတို့မှကာကွယ်ရန်ကျန်းမာရေးဆိုင်ရာလိုက်နာရန်၊ရာသီဥတုခြောက်သွေ့ သဖြင့်မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန်၊မိုးခေါင်ရေရှားမှုသက်ရောက်နိုင်သည့်တောင်သူများအတွက် ရေချွေတာစိုက်ပျိုးနိုင်သည့်သီးနှံမျိုးစေ့များပြောင်းလဲစိုက်ပျိုးရန်စသည့်အကြောင်းအရာများကိုသက် ဆိုင်ရာတာဝန်ရှိသူများကအသီးသီးရှင်းလင်းဟောပြောခဲ့သည်။အဆိုပါအခမ်းအနားသို့မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အယ်လ်နီညိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ နတ်မောက်      အောက်တိုဘာ ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပ ညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီခွဲအချိန်ကအမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောခြင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊အယ်လ်နီညိုဆိုသည့်အဓိပ္ပါယ်၊အယ်လ်နီညိုဖြစ်စဥ်ကြောင့်ဖြစ် ပေါ်နိုင်သောရာသီဥတုအကျိုးသက်ရောက်မှုများကိုကျောင်းသား/သူ များအားရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကပြသထား သည့်အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူလေးများကစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ နတ်မောက် အောက်တိုဘာ ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူ များစာဖတ်သည့်အလေ့အထများပြုစုပျိုးထောင်ပေးနိုင်ရေး၊တီထွင်ဖန်တီးနိုင်စွမ်းနှင့်စဥ်း စားတွေးခေါ်နိုင်စွမ်းများဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်သည့်အင်္ဂလိပ်စာများကိုယှဥ်ပြိုင်ခဲ့ကြကြောင်းသိရ သည်။ထို့နောက်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်အကောင်းဆုံးဖတ်ရှုယှဥ်ပြိုင်နိုင်သည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ နတ်မောက်      အောက်တိုဘာ ၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူ များစာဖတ်သည့်အလေ့အထများပြုစုပျိုးထောင်ပေးနိုင်ရေး၊တီထွင်ဖန်တီးနိုင်စွမ်းနှင့်စဥ်း စားတွေးခေါ်နိုင်စွမ်းများဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်သည့်အင်္ဂလိပ်စာများကိုယှဥ်ပြိုင်ခဲ့ကြကြောင်းသိရ သည်။ထို့နောက်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်အကောင်းဆုံးဖတ်ရှုယှဥ်ပြိုင်နိုင်သည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည် oplus_1026

Read More

နတ်မောက်မြို့နယ်တွင် အယ်လ်နီညိုအန္တရာယ်အ‌‌ကြောင်း အသိပညာပေး လက်ကမ်း စာစောင်ဖြန့်

နတ်မောက်မြို့နယ်မြို့မစျေးကြီးအတွင်းအယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေပေး နတ်မောက်      အောက်တိုဘာ ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်း၍အယ်လ်နီညိုရာသီဥတုဖြစ်စဥ်အသိပညာပေးလက် ကမ်းစာစောင်များကိုယနေ့နံနက်ပိုင်းကမြို့မစျေးကြီးတွင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင်အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကာလဝယ်ကျန်းမာအောင်နေကြမယ်လက်ကမ်း စာစောင်မှအပူဒဏ်အန္တရာယ်၊ရေရှားပါးမှုနှင့်ရေကြီးရေလျှံမှုအကြောင်း၊မသန့်ရှင်းသောရေနှင့်အစားအစာများမှကူးစက်ဖြစ်ပွားနိုင်သောရောဂါများ၊ခြင်ပေါက်ပွားမှုများပြားခြင်းကြောင့်ဖြစ်ပေါ်သောကူး စက်ရောဂါများ၊ပူပြင်းခြောက်သွေ့မှုကြောင့်တောမီးလောင်ခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများစသည့်အကြောင်းအရာများကိုမြို့မစျေးကြီးအတွင်းစျေးရောင်းစျေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။      

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင် ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်သတ်ပုံအမှန်ရွေးကြမယ်ပြိုင် ပွဲကျင်းပ နတ်မောက် အောက်တိုဘာ ၁၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကမြန် မာစာပေ၏အရေးပါမှုကိုသိရှိနားလည်စေရန်၊နေ့စဥ်အသုံးပြုနေသောစကားလုံးများတွင်သတ်ပုံအမှား များလျော့နည်းလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်ပြီးဗဟုသုတမျှမီလိုစိတ်မြင့်တင်ပေးရန်စ သည့်ရည်ရွယ်ချက်များဖြင့်ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ထို့ နောက်ပြိုင်ပွဲတွင်ကျောင်းသား/သူ( ၃၅)ဦးယှဥ်ပြိုင်ခဲ့ကြရာသတ်မှတ်ထားသောမြန်မာစကားလုံးများထဲ မှအမှားနှင့်အမှန်ကိုမှန်ကန်မြန်ဆန်စွာရွေးချယ်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနကဆုများချီးမြှင့်ပေးခဲ့သည်။  

Read More

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)တွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ နတ်မောက်      အောက်တိုဘာ ၁၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပ ညာဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေပြီးဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်ဆွေးနွေးပွဲများတွင်ပါဝင်တတ် စေရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီအချိန်ကအခြေခံပညာအလယ် တန်းကျောင်း( တမာပင်)တွင်ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်) ကအနာဂတ်သားကောင်းရတနာ၊သမီးကောင်းရတနာများဖြစ်လာစေရန်နှင့်နှုတ်မှုစွမ်းရည်များပြည့်ဝ လာစေရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်၍လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားသည်။ဆက်လက်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကဦးဆောင်ဆွေးနွေးသူဖြစ်ဆောင်ရွက်ကာကျောင်းသား/သူ လေးများကလူငယ်နှင့်ပညာရေး၊လူငယ်နှင့်စာဖတ်ခြင်း၊လူငယ်နှင့်စာရိတ္တ၊လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်တို့ဖြင့်ဆွေးနွေးခဲ့ကြသည်။ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသား/သူ များကသိ လိုသည်များကိုပြန်လည်ဆွေးနွေးကြရာတာဝန်ရှိသူများကကဏ္ဍာအလိုက်ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Read More

နတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်     အောက်တိုဘာ ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ နတို့ပူးပေါင်း၍တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး( ၁) ဒေါ်ရီရီငြိမ်းကတီဘီရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ် ကြောင်း၊ရက်သတ္တပတ်( ၂)ပတ်ကျော်ချောင်းဆိုးခြင်း၊သွေးအန်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊အ စာစားချင်စိတ်လျော့နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာစမ်းသပ်စစ်ဆေးခြင်းကုသမှုခံယူသင့်ကြောင်းနှင့်တီဘီရောဂါရှိ/မရှိရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊သလိပ်စစ်ခြင်းတို့ကိုစစ်ဆေးရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ရာတက် ရောက်လာကြသူများကသိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများအား သက်ငယ်မုဒိန်းမှုနှင့်ဥပဒေအကာအကွယ်နှင့်မိန်းကလေးငယ်များကိုကာကွယ်စောင့်ရှောက်ရန်နည်း လမ်းများအကြောင်းလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် အောက်တိုဘာ ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ယနေ့နံနက်၉နာရီခွဲအချိန်ကပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီးအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိမူလတန်းအ ဆင့်ကျောင်းသား/သူ များကမိမိတို့ကြိုက်နှစ်သက်ရာပုံပြင်များဖြင့်ပုံပြင်ပြောပြိုင်ပွဲကိုပျော်ရွှင်စွာပါ ဝင်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပုံပြင်ပြောပြိုင်ပွဲသို့မူလ တန်းအဆင့်ကျောင်းသား/သူ ( ၈)ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများ ကျင်းပခဲ့ပြီးဆုရရှိသည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More