နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက်

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဗဟုသုတမျှဝေခြင်းအစီအစဥ်ဖြင့် ဆောင်ရွက် နတ်မောက် ဇူလိုင် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဝန်ထမ်းများ အသိဥာဏ်နှင့်စွမ်းရည်ကိုမြှင့်တင်ရန်၊အတွေ့အကြုံသစ်များဗလှယ်ရန်၊လူမှုအသိုက်အဝန်းအတွင်းတီ တွင်ဖန်တီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်ဗဟုသုတမျှ ဝေခြင်းအစီအစဥ်ဆောင်ရွက်ခြင်းကိုယနေ့နံနက်၁၀ နာရီအချိန်ကအဆိုပါရုံးတွင်ဆောင်ရွက်ခဲ့ကြ သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကရုံးဝန်ထမ်း များလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်တာဝန်သိမှု၊တာဝန်ယူမှု၊တာဝန်ခံမှု၊စိတ် ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတို့အတွက်ချမှတ်သည့်အျက်( ၁၄)ချက်အားရှင်းလင်းခြင်းနှင့်စာရေး ဆရာချစ်နိုင်( စိတ်ပညာ)ရေးသားသည့် “ခေါင်းဆောင်ကောင်း”ခေါင်းစဥ်ပါအကြောင်းအရာများ ကိုရှင်းလင်းပြောကြားခဲ့သည်။အဆိုပါဗဟုသုတမျှဝေခြင်းအစီအစဥ်ဆောင်ရွက်ရာတွင်ရုံးဝန် ထမ်းများကလည်းစိတ်ဝင်စားစွာရေးမှတ်ကြပြီးသိရှိလိုသည့်အကြောင်းအရာများကိုအပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ် စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇူလိုင် ၂၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနည်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းကအခြေခံပ ညာအထက်တန်းကျောင်း( အောင်ဆန်း)ကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကျောင်းသား/သူ များအနေဖြင့်အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွား စေရေးအတွက်ကျောင်းစာအပြင်ပြင်ပစာပေများကိုပါလေ့လာဖတ်ရှုကြစေရန်၊ဗလငါးတန်နှင့်ပြည့်စုံ သောလူတော်လူကောင်းများဖြစ်လာစေရန်အတွက်ဟောပြောခြင်းနှင့်ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေကစာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်ကျောင်းသား/သူ များစာတတ်ဖို့ သာမကပညာတတ်ဖို့ပါကြိုးစားကြရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့ နောက်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအာ/ကာမှူးကကျောင်းအုပ်ဆရာကြီးအားကျောင်း သား/သူ များအတွက်အားကစားပစ္စည်းများပေးအပ်ခဲ့သည်။အဆိုပါဟောပြောပွဲသို့မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ဆရာ/မ များနှင့် ကျောင်းသား/သူ များတက်ရောက်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူ များအသိပညာဗဟုသုတများတိုးပွားစေရန်နယ်လှည့်စာ ကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲ၊စာအုပ်ပြပွဲနှင့်ဟောပြောပွဲများကိုစဥ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)၌လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ် နတ်မောက် ဇူလိုင် ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာအုပ်စာ စောင်ချစ်မြတ်နိုးသူ(Book Club)နှင့်ပူးပေါင်း၍ယနေ့နံနက်၁၁နာရီအချိန်ကစာရေးဆရာဒေါက်တာ ခင်မောင်ညို၏လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာအုပ်ဖြင့်စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်များ စာပေဖတ်ရှုရာမှာအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အတွေးအခေါ်များရှင်သန်လာစေရန်နှင့်နားထောင်မှုစွမ်းရည်မြင့်မားလာစေရန်ရည်ရွယ်၍စာ ဖတ်ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍စာဖတ်ဝိုင်းကိုကျင်းပခဲ့ ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)မှစာရေး ဆရာဒေါက်တာခင်မောင်ညိုရေးသားသောလူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်းစာ အုပ်ထဲမှ “လူငယ်နှင့်စူးစမ်းလေ့လာမှုများ”ခေါင်းစဥ်ပါအကြောင်းအရာများကိုဖတ်ရှုရှင်းလင်းခြင်း နှင့်စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များကလည်းမိမိတို့အတွေးအမြင်အသိများပြန် လည်ဆွေးနွေးခဲ့ကြသည်။အဆိုပါစာဖတ်ဝိုင်းသို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိဝန်ထမ်းများ၊စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့်ကျောင်းသား/သူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။    

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကျင်းပ နတ်မောက် ဇူလိုင် ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲကိုယနေ့ နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲသည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင် ပွဲကျင်းပရာတွင်ကျောင်းသား/သူ များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်၊ယှဥ်ပြိုင်ကြိုးစားတတ် သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ထူးချွန်ထက်မြက်သည့်လူရည်ချွန်ကောင်းများဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်ပြိုင်ပွဲများပြုလုပ်ခြင်းနှင့်ပြိုင်ပွဲ၏စည်းကမ်းချက်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ပြိုင်ပွဲကိုကျင်းပခဲ့ရာအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းရှိGrade-5ကျောင်း သား/သူ( ၃၅)ဦးတို့ကသတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့် ကျောင်းသား/သူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိမှဆုများ ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး                      ဟောပြောပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကလေးအလုပ်သမားပပျောက် ရေးအသိပညာပေး                      ဟောပြောပွဲပြုလုပ် နတ်မောက် ဇူလိုင် ၂၀ မကွေးတိုင်ဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေ ပြုဗ ဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် ကကလေးအလုပ်သမား၏အဓိပ္ပါယ်၊ကလေးအလုပ်သမားနှင့်ပတ်သက်၍အလုပ်လုပ်ရန်သင့်တော်သည့်အသက်အရွယ်၊ကလေးအလုပ်သမားများ၏တစ်နေ့တာအလုပ်လုပ်ချိန်နှင့်ခံစားခွင့်နှင့်ပတ်သက်၍ပြဋ္ဌာန်းထားမှုများ၊အသက်၁၄နှစ်ပြည့်ပြီးအလုပ်စေခိုင်းပါကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါအချက်များအတိုင်းလိုက်နာဆောင်ရွက်ရမည့်ဖြစ်ကြောင်းအသိပညာပေးဟောပြော ခဲ့သည်။အဆိုပါအသိပညာပေးဟောပြောပွဲသို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းသား/ သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြင့်

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြင့် ပွဲအခမ်းအနားကျင်းပ နတ်မောက် ဇူလိုင် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုယမန်နေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြော ကြားပြီးမြို့နယ်ပညာရေးမှူးဒေါ်သန်းသန်းအေးကကျောင်းသား/သူလူငယ်များအနေဖြင့်မြန်မာ နိုင်ငံလွတ်လပ်ရေးအတွက်အသက်ကိုပဓာနမထားဘဲတိုက်ပွဲဝင်ခဲ့သည့်ဗိုလ်ချုပ်အောင်ဆန်းအပါအ ဝင်အာ ဇာနည်(၉)ဦးကိုအစဥ်အောင်းမေ့သတိရစေလိုကြောင်း၊အနာဂတ်၏မျိုးဆက်သစ်လူငယ်များသည်အမျိုးကိုချစ်တဲ့စိတ် ၊မိမိဘာသာကိုယုံကြည်မှု၊မိမိယဥ်ကျေးမှုကိုထိန်းသိမ်းထားလိုတဲ့စိတ်များမွေး မြူရမှာဖြစ်ပါကြောင်းစသည့်အကြောင်းအရာများကိုဟောပြောဆွေးနွေးခဲ့သည်။ဆက်လက်၍စာဖတ်ရှိန်မြှင့် တင်ရေးအတွက်( ၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆုချီးမြှင့်အခမ်းအနားကျင်းပရာပုံပြင်ပြော၊ပန်းချီ၊ကဗျာရွတ်ဆိုခြင်းနှင့်စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသည့်ကျောင်းသား/သူများအားတက်ရောက်လာကြသည့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့၊မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများကဆုများကိုအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ နတ်မောက် ဇူလိုင် ၁၆ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ပြန်ကြားရေသနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးအတွက် (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်၉နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကကျောင်းသား၊ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီးကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန်၊ ဥာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ နောင်တစ်ချိန်တွင် နိုင်ငံ…

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကျင်းပ နတ်မောက် ဇူလိုင် ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင်ဇူလိုင်( ၁၉)ရက်နေ့၌ကျရောက်မည့်(၇၉)နှစ်မြောက်အာဇာနည်နေ့ကိုကြိုဆိုသောအားဖြင့်လည်းကောင်း၊မျိုးဆက်သစ်ကျောင်းသား/သူများအာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးတရားနှင့်သမိုင်းကြောင်းတို့ကိုမမေ့လျော့စေရန်အတွက်ရည်ရွယ်၍ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကအဆိုပါရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကအာဇာနည် နေ့ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့်အာဇာနည်ခေါင်းဆောင်(၉)ဦး၏အတ္ထုပ္ပတ္တိအကြောင်းအရာများကိုပြောကြားခဲ့ပြီးပန်းချီပြိုင်ပွဲတွင်သဘာဝအရောင်နှင့်အနီးစပ်ဆုံးဆေးရောင်ခြယ်သနိုင်သူ၊အနီးအဝေး၊အလင်းအမှောင်၊သေသပ်မှုတို့ကိုအကဲဖြတ်အမှတ်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုဆက်လက်ကျင်းပရာအခြေခံပညာအလယ်တန်းအဆင့်ကျောင်း များရှိကျောင်းသား/သူစုစုပေါင်း(၃၀ )ဦးတို့က “၁၉ဇူလိုင်မမေ့နိုင်”ခေါင်းစဥ်ဖြင့်စိတ်အားထက်သန် စွာဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပစ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပ နတ်မောက် ဇူလိုက် ၁၄ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာ ရေးဌာနတို့ပူးပေါင်း၍(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အထက်တန်းအဆင့်စာစီစာ ကုံးပြိုင်ပွဲကိုယနေ့နံနက်၁၀နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCenter)ဘက်စုံသုံး ခန်းမ၌ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဒေါ်ဥမ္မာခင်၊ဦးစီးအရာရှိက ကျောင်းသား၊ကျောင်းသူများအားဗလငါးတန်နှင့်ပြည့်စုံပြီးထူးချွန်ထက်မြက်သည့်လူတော်လူ ကောင်းများပေါ်ထွန်းလာစေရန်၊နေ့ထူးနေ့မြတ်များအားအစဉ်သတိရနေစေရန်၊ စာဖတ်စွမ်းရည် တိုးတက်လာစေရန်၊ စာပေလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်း ဖြစ်ပါကြောင်းပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍မြို့နယ်အဆင့် ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း) တို့မှကျောင်းသား၊ကျောင်းသူ(၃၅)ဦးတို့က“အနာဂတ်လူငယ်များ၏မျိုးချစ်စိတ်ဓာတ်နှင့်စည်းလုံး ညီညွတ်ရေး”ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား(၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲတွင်ဆုများချီးမြှင့် ပေးသွားမည်ဖြစ်သည်။…

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇူလိုင် ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ် ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကအမှတ် ( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးအတွေးအခေါ်အယူအဆများမှန်ကန်စေရန်နှင့်နိုင်ငံ တော်မှအားထားရသည့်နိုင်ငံ့သားကောင်းရတနာများဖြစ်စေရန်အသိပညာဗဟုသုတနှင့်ပြည်စုံသည့် လူငယ်များဖြစ်ရန်စာကိုများများဖတ်ဖို့လိုကြောင်းကျောင်းသားလူငယ်များအနေဖြင့်ကျောင်းစာအ ပြင်စာပေကိုခင်တွယ်တန်ဖိုးထားလေ့လာဖတ်ရှုနေမှသာဘက်စုံဖွံ့ဖြိုးပြီးအရည်အချင်းရှိတဲ့လူငယ် မောင်မယ်များဖြစ်လာမှာဖြစ်ကြောင်း၊နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်ရာမှာလူစွမ်းအားအရင်းအ မြစ်များကအဓိကအရေးကြီးတာကြောင့်လူငယ်များကိုဘက်စုံဖွံ့ဖြိုးအောင်သက်ဆိုင်ရာဌာနများက ပြုစုပျိုးထောင်နေခြင်းဖြစ်ကြောင်း၊လူငယ်များဟာအနာဂတ်တိုင်းပြည်အတွက်အဓိကအရေးပါတာ ကြောင့်အဘက်ဘက်မှအသိပညာဗဟုသုတများပြည့်စုံအောင်အချိန်ရတိုင်းစာပေများကိုလေ့လာလိုက် စားဖတ်ရှုနေရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနကပြသထားသည့်နံရံကပ်စာစောင်များကိုကျောင်းသား/သူ များကစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More