နတ်မောက်မြို့၌( ၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌( ၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ နတ်မောက် ဇူလိုက် ၁၃ မကွေးတိုင်းဒေသကြီး၊နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Center) ဘက်စုံသုံးခန်းမ၌ကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်ဥမ္မာခင် ၊ဦးစီးအရာရှိက ကျောင်းသား၊ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သည့် လူတော်လူ…

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးပုံပြင် ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဇူလိုင် ၁၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေး ဌာနတို့ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန့်မတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များပြည်သူ့စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီးကျောင်းစာအပြင်ပြင်ပဗဟုသုတများကြွယ်ဝ စေရန်၊ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်၊နောင်တစ်ချိန်တွင်နိုင်ငံတော်မှအားကိုးအားထားပြုရမည့် လူတော်၊လူကောင်း၊လူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရန်၊အစုအဖွဲ့အတွင်းပူးပေါင်းပါဝင်ယှဥ်ပြိုင် နိုင်စွမ်းရှိလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲသည်။ ထို့နောက်ပုံပြင်ပြောပြိုင်ပွဲတွင်မူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်ရာပုံပြင် များဖြင့်ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကကျောင်းသုံးဗလာစာအုပ်များပေးအပ်ချီးမြှင့်ခဲ့ပြီးကလေးငယ်များအားနံရံကပ်စာစောင်များကိုလည်းပြသခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် နတ်မောက် ဇူလိုင် ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍စာဖတ်ရှန်မြှင့်တင်ရေးလုပ်ငန်းညှိနိုင်းအစည်းအဝေးကိုယမန်နေ့နေ့လယ် ၂နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က( ၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြိုစာစီစာကုံး၊ပန်းချီ၊ပုံပြင်ပြောပြိုင် ပွဲများပြုလုပ်နိုင်ရေးနှင့်ဆုချီးမြှင့်ပွဲပြုလုပ်နိုင်ရေးစသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်ဆရာကြီး၊ဆရာမကြီးများကပြိုင်ပွဲများပြုလုပ်နိုင်ရေးမိမိတို့ ကျောင်းများရှိကျောင်းသား/သူ များပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ကြရန်၊အလယ်တန်းအဆင့်၊အထက် တန်းအဆင့်ကျောင်းသား/သူ များကို( ၁၃)ရက်နေ့မှစတင်၍( ၁၆)ရက်နေ့အထိပြိုင်ပွဲများပြုလုပ်မည် ဖြစ်ပြီး( ၁၇)ရက်နေ့တွင်ဆုများချီးမြှင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်းတက်ရောက်လာကြသည့်ဆရာကြီး၊ ဆရာမကြီးများကချပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ နတ်မောက် ဇူလိုင် ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ကျောင်းသား/သူလူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေ ရန်ရည်ရွယ်၍လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုယနေ့နံနက်၉နာရီခွဲအချိန်ကအမှတ်( ၂)အခြေခံပညာအ ထက်တန်းကျောင်းတွင်ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ်စကားဝိုင်းကျင်းပရ ခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားရာကျောင်းသား/သူ များကျောင်းစာအပြင်ပြင်ပဗဟုသု တရရှိမည့်စာကောင်းပေမွန်များကိုလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စဥ်းစား တွေးခေါ်မှုမြင့်မားလာစေရန်နှင့်အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သောအလေ့အထကောင်းများရရှိ လာစေရန်၊ဗလငါးတန်နှင့်ပြည့်စုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်များဖြင့်လူငယ်စကား ဝိုင်းကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ-တွဲဖက်)ကဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီးအ.ထ.က( ၁) ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မလှဝင်းကြည်၊အ.ထ.က( ၂)ကျောင်းမှကျောင်းသူဖြစ်သည့် Grade-11မချမ်းအေးအိမ်၊အ.ထ.က( အောင်ဆန်း)ကျောင်းမှကျောင်းသူဖြစ်သည့်Grade-11မနွေးမြတ်နိုးခင်၊အ.လ.က( တမာပင်)ကျောင်းမှကျောင်းသားဖြစ်သည့်Grade-9မောင်အံ့ဘုန်းရှင်မင်း တို့ကစာရေးဆရာနန္ဒာသိန်းဇံရေးသားသည့်ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းခေါင်းစဥ်ဖြင့်အသီးသီး ဆွေးနွေးကြပြီးစကားဝိုင်းဆွေးနွေးပွဲသို့တက်ရောက်လာကြသည့်ကျောင်းသား/သူ များကလည်း…

Read More

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲပြုလုပ်

နတ်မောက်မြို့အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်နံရံကပ်စာ စောင်၊ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲပြုလုပ် နတ်မောက် ဇူလိုင် ၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့တွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကအမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကကျောင်းသား/သူ များယဥ်ကျေး လိမ္မာမှုရှိစေရန်နှင့်စည်းကမ်းရှိစေရန်အသိပညာပေးပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူ များအနေဖြင့်အားလပ်ချိန်ကိုအ ကျိုးရှိစွာအသုံးချတတ်စေရန်၊ဗဟုသုတတိုးပွားစေရေးအတွက်ကျောင်းစာအပြင်ပြင်ပစာပေများကို လေ့လာဖတ်ရှု့ကြစေရန်၊ဗလငါးတန်နှင့်ပြည့်စုံသောလူတော်လူကောင်းများဖြစ်လာစေရန်အတွက်အ သိပညာပေးအကြောင်းအရာများကိုဟောပြောခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနကပြသထားသည့်နံရံကပ်စာစောင်များကိုကျောင်းသား/သူ များကကြည့်ရှုလေ့လာခဲ့ ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး နတ်မောက် ဇူလိုင်၆ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အမှတ် ၁ အခြေခံပညာအထက် တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ရွေ့လျားစာကြညိ့တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက. ကျောင်းသား၊ကျောင်းသူများ စာဖတ်သည့် အလေ့အကျငိ့ကောင်းများ…

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက်  ဇူလိုင် ၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးမူလတန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကကျင်းပ ခဲ့သည်။ အဆိုပါပြိုင်ပွဲကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူငယ် လူရွယ်များစာပေဗဟုသုတများသိရှိနားလည်ပြီးဥာဏ်ရည်ထက်မြတ်သည့်ဘက်စုံထူးချွန်သောလူရည် မွန်၊လူရည်ချွန်များဖြစ်လာစေရန်၊ဗလငါးတန်နှင့်ပြည်စုံသည့်လူငယ်လူရွယ်များဖြစ်လာစေရန်၊နှုတ်မှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက် သည့်ခေါင်းစဥ်များဖြင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးဆုရရှိသည့်ကျောင်းသား /သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိ ရသည်။

Read More

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ နတ်မောက် ဇွန် ၂၅ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက် ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ပတ္တမြားခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။ ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)မှကျောင်းသူလေး များကအနာဂတ်လူရည်ချွန်သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန…

Read More

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအမြဲ မပြက်လေ့လာသင်ယူရေးစကားဝိုင်းကျင်းပ

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအမြဲ မပြက်လေ့လာသင်ယူရေးစကားဝိုင်းကျင်းပ နတ်မောက် ဇွန် ၂၆ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့်စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗ ဟုသုတများကိုပြန်လည်အသုံးချမျှဝေနိုင်စေရန်ရည်ရွယ်၍မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီး မှူးကျင်းပသောကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအ မြဲမပြက်လေ့လာသင်ယူရေးစကားဝိုင်း(Never Stop Learning Talk Show)ကိုယမန်နေ့နံနက်၁၀ နာရီ အချိန်ကအမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင်နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုး ( ဦးစီးအရာရှိ-တွဲဖက်)ကဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ပြီးအမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်းGrade-11ကျောင်းသူမလှဝေကြည်၊အမှတ်( ၂)အခြေခံပညာအထက်တန်းကျောင်းGrade-11 ကျောင်းသူမချမ်းအေးအိမ်၊အခြေခံပညာအထက်တန်းကျောင်း( အောင်ဆန်း)Grade-11ကျောင်းသူ မနွေးမြတ်နိုးခင်၊အခြေခံပညာအလယ်တန်းကျောင်း( တမာပင်)Grade-9ကျောင်းသား မောင်အံ့ဘုန်းသုရှင်မင်းတို့ကစာရေးဆရာနန္ဒါသိန်းဇံရေးသားသည့်ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း ခေါင်းစဥ်ဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသည့်ကျောင်းသား/သူ များကဆွေးနွေး ခဲ့ကြသည့်အကြောင်းအရာများအပေါ်အခြေခံကာမိမိတို့သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းခဲ့ရာဦး…

Read More

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲကျင်းပ နတ်မောက်     ဇွန် ၂၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေး ဌာနတို့ပူးပေါင်း၍ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်း ပရခြင်း၏ရည်ရွယ်ချက်နှင့်ဒိုင်အဖွဲ့ဝင်တစ်ဦးကအမှတ်ပေးစည်းကမ်းချက်များကိုရှင်းလင်းပြော ကြားခဲ့သည်။ထို့နောက်အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲတွင်မြို့ပေါ်ရှိအခြေခံပညာအ ထက်တန်းအဆင့်ကျောင်းသား/သူ နှင့်အလယ်တန်းအဆင့်ကျောင်းသား/သူ များကလူငယ်နှင့်စာ ဖတ်ခြင်း၊လူငယ်များနေ့စဥ်စာဖတ်ခြင်း၏အကျိုးကျေးဇူး၊စာပေချစ်မြတ်နိုးသောလူငယ်များတိုး ပွားရေး၊ဗလငါးတန်ဖွံ့ဖြိုးဖို့စာအုပ်စာပေဖတ်ကြစို့၊အသိပညာဗဟုသုတကြွယ်ဝရေးစာပေလေ့လာ ကြစို့၊စာဖတ်ခြင်း၏တန်ဖိုးနှင့်အကျိုးကျေးဇူး၊စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ကျောင်းစာကြည့်တိုက်များ ၏အခန်းကဏ္ဍ၊လူမှုဘဝမြင့်မားဖို့စာဖတ်ရှိန်မြှင့်တင်စို့စသည့်ခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြသည်။အဆိုပါပြိုင်ပွဲသို့ဆရာ/မ များ၊ကျောင်းသား/သူ များတက်ရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။

Read More