နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ
နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် အောက်တိုဘာ ၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာနတွင်ယနေ့နံနက်၉နာရီခွဲအချိန်ကပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားပြီးမူလတန်းအဆင့်ကျောင်းသား/သူများကမိမိတို့ကြိုက်နှစ်သက်ရာပုံပြင်များဖြင့်ပုံပြင်ပြောပြိုင်ပွဲကိုပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပုံပြင်ပြောပြိုင်ပွဲသို့မူလ တန်းအဆင့်ကျောင်းသား/သူ ( ၅)ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးကျောင်းသား/သူ များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ပြိုင်ပွဲများကျင်းပခဲ့ပြီးဆုရရှိသည့်ကျောင်းသား/သူများကိုမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်