နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်     အောက်တိုဘာ ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကိုယမန်နေ့ နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး( ၁) ဒေါ်ရီရီငြိမ်းကတီဘီရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ် ကြောင်း၊ရက်သတ္တပတ်( ၂)ပတ်ကျော်ချောင်းဆိုးခြင်း၊သွေးအန်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊အ စာစားချင်စိတ်လျော့နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာစမ်းသပ်စစ်ဆေးခြင်းကုသမှုခံယူသင့်ကြောင်းနှင့်တီဘီရောဂါရှိ/မရှိရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊သလိပ်စစ်ခြင်းတို့ကိုစစ်ဆေးရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ရာတက် ရောက်လာကြသူများကသိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများကိုအယ်လ်နီညိုရာသီဥတု​​ဖြစ်စဥ်ကာလဝယ်ကျန်းမာအောင်နေကြမယ်လက်ကမ်းစာစောင် များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌အယ်လ်နီညိုဖြစ်စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်    အောက်တိုဘာ ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စီးမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကအယ်လ်နီညိုဖြစ် စဥ်ကြောင့်ကြုံတွေ့လာနိုင်သည့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကိုယမန်နေ့နေ့လည်၁နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက် စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်အဆင့်တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများ ကလည်းအယ်လ်နီညိုဖြစ်စဥ်ကြောင့်ရာသီဥတုဖောက်ပြန်ခြင်း၊အပူလွန်ကဲခြင်း၊မိုးခေါင်ရေရှားပါး နိုင်ခြင်း၊နတ်မောက်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုပေါ်ပေါက်လာပါကသောက်သုံးရေအဆင် ပြေစေရေးစနစ်တကျကြိုတင်စုဆောင်းရန်၊ရာသီဥတုပူပြင်းမှုကြောင့်ဖြစ်ပွားတတ်သည့်အပူရှပ်ခြင်း နှင့်ရေဓာတ်ခမ်းခြောက်ခြင်းတို့မှကာကွယ်ရန်ကျန်းမာရေးဆိုင်ရာလိုက်နာရန်၊ရာသီဥတုခြောက်သွေ့ သဖြင့်မီးလောင်ကျွမ်းမှုမဖြစ်ပွားစေရန်၊မိုးခေါင်ရေရှားမှုသက်ရောက်နိုင်သည့်တောင်သူများအတွက် ရေချွေတာစိုက်ပျိုးနိုင်သည့်သီးနှံမျိုးစေ့များပြောင်းလဲစိုက်ပျိုးရန်စသည့်အကြောင်းအရာများကိုသက် ဆိုင်ရာတာဝန်ရှိသူများကအသီးသီးရှင်းလင်းဟောပြောခဲ့သည်။အဆိုပါအခမ်းအနားသို့မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး အယ်လ်နီညိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ကျင်းပ နတ်မောက်      အောက်တိုဘာ ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပ ညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီခွဲအချိန်ကအမှတ်( ၁)အခြေခံပညာအထက်တန်း ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)ကနယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောခြင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊အယ်လ်နီညိုဆိုသည့်အဓိပ္ပါယ်၊အယ်လ်နီညိုဖြစ်စဥ်ကြောင့်ဖြစ် ပေါ်နိုင်သောရာသီဥတုအကျိုးသက်ရောက်မှုများကိုကျောင်းသား/သူ များအားရှင်းလင်းပြောကြား ခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကပြသထား သည့်အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူလေးများကစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ ကြကြောင်းသိရသည်။  

Read More

နတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကတီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက်     အောက်တိုဘာ ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာ နတို့ပူးပေါင်း၍တီဘီရောဂါအကြောင်းအသိပညာပေးဟောပြောပွဲကိုယမန်နေ့နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးမှူး( ၁) ဒေါ်ရီရီငြိမ်းကတီဘီရောဂါသည်အသက်ရှုလမ်းကြောင်းမှတစ်ဆင့်ကူးစက်တတ်သောရောဂါဖြစ် ကြောင်း၊ရက်သတ္တပတ်( ၂)ပတ်ကျော်ချောင်းဆိုးခြင်း၊သွေးအန်ခြင်း၊ကိုယ်အလေးချိန်ကျခြင်း၊အ စာစားချင်စိတ်လျော့နည်းခြင်း၊ပင်ပန်းနွမ်းနယ်ခြင်းလက္ခဏာများပေါ်ပေါက်ပါကနီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာစမ်းသပ်စစ်ဆေးခြင်းကုသမှုခံယူသင့်ကြောင်းနှင့်တီဘီရောဂါရှိ/မရှိရင်ဘတ်ဓာတ် မှန်ရိုက်ခြင်း၊သလိပ်စစ်ခြင်းတို့ကိုစစ်ဆေးရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ရာတက် ရောက်လာကြသူများကသိရှိလိုသည်များကိုအပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြောင်းသိရသည်။ ဆက်လက်၍မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ကဟောပြောပွဲအပြီးတွင်တက်ရောက်လာသူများအား သက်ငယ်မုဒိန်းမှုနှင့်ဥပဒေအကာအကွယ်နှင့်မိန်းကလေးငယ်များကိုကာကွယ်စောင့်ရှောက်ရန်နည်း လမ်းများအကြောင်းလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့အခြေခံပညာမူလတန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြ ပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

နတ်မောက်မြို့အခြေခံပညာမူလတန်းကျောင်းတွင်နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြ ပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက် နတ်မောက် အောက်တိုဘာ ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာရေးဌာနတို့ပူးပေါင်း၍နယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေး ဟောပြောပွဲကိုယမန်နေ့နံနက်၁၀နာရီအချိန်ကစျေးရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာအခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကလူကုန်ကူးမှုဖြစ်ပွားရသည့်အကြောင်းအရင်းများနှင့်ဖြစ်စဥ်များ၊အမျိုးသမီးများနှင့်ကလေးသူငယ်များတွေ့ကြုံနေရသည့်လူကုန်ကူးမှုအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်းနှင့်ဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကက လေးအလုပ်သမားပပျောက်ရေး၊ကျောင်းသားလူငယ်အနေဖြင့်ရည်မှန်းချက်ထားကြိုးစားရန်၊စာရိတ္တကောင်းသောလူငယ်များဖြစ်စေရေးကြိုးစားနေထိုင်ရန်၊အသိပညာဗဟုသုတများပြည့်စုံစေရေးစာပေလေ့လာဖတ်ရှုကြရန်စသည့်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိဝန်ထမ်းများကကလေးအလုပ်သမားပပျောက်ရေးနံ ရံကပ်စာစောင်၊မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကိုပြသခဲ့ရာကျောင်း သား /သူ များကစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ် နတ်မောက် စက်တင်ဘာ ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လည်ပိုင်းအချိန်ကအမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်းသား/သူလူငယ်လူရွယ်များအနေဖြင့်ဘက်စုံထူးချွန်သောလူရည်ချွန်၊လူရည်မွန်များဖြစ်လာစေရန်နှင့်နောင်တစ်ချိန်တွင်နိုင်ငံတော်ကအားထားရသည့်လူကောင်းလူတော်များဖြစ်လာစေရန်၊ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်၍ဒေါ်သိမ့်သိမ့်မိုး( ဦးစီးအရာရှိ- တွဲဖက်)မှ“လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဥ် ဖြင့်ဟောပြောဆွေးနွေးခဲ့သည်။ထို့နောက်ဟောပြောပွဲအပြီးတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှပြသထားသည့်အသိပညာပေးနံရံကပ်စာစောင်များကိုကျောင်းသား/သူများကစိတ် ဝင်တစားဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်

Read More

နတ်မောက်မြို့၌နယ်လှည့်စာကြည်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ပြုလုပ်

နတ်မောက်မြို့၌နယ်လှည့်စာကြည်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲ ပြုလုပ် နတ်မောက် စက်တင်ဘာ ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနယ်လှည့်စာကြည့်တိုက်၊နံရံကပ်စာစောင်၊ဓာတ်ပုံပြပွဲနှင့်အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်းကိုယနေ့နံနက်ပိုင်း ကအမှတ်( ၂)အခြေခံပညာထေက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဟောပြောပွဲတွင်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိကျောင်းအုပ်ဆရာမကြီးဒေါ်မြမြစိုးကကျောင်းသား/သူ များအားလပ်ချိန်များတွင်ကျောင်းစာအပြင်ပြင်ပစာပေများလေ့လာဖတ်ရှုခြင်းဖြင့်အသိပညာဗဟုသုတများပိုမိုကြွယ်ဝလာမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်ဝင်းမေထွန်း( စာကြည့်တိုက်လက်ထောက်-၃)က ကျောင်း သား/သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိစေရန်ရည်ရွယ်၍“စာဖတ်ခြင်းအကျိုးကျေးဇူး”ခေါင်းစဥ်ဖြင့်စာပေလေ့လာဖတ်ရှုစေရေးအသိပညာပေးဟောပြောခဲ့သည်။သို့ဖြစ်၍မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထား သည့်အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာကျောင်းသား/သူ များကစိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

နတ်မောက်မြို့၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ နတ်မောက် စက်တင်ဘာ ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကိုယ မန်နေ့နံနက်၁၀ နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်း ပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအာကာမျိုးထက်ကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်မြင့်သူကလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊လူကုန်ကူးသူအများဆုံးအသုံးပြုလုပ်ဆောင်နေသည့်နည်းလမ်းများကိုရှင်းလင်းပြောကြားခြင်းနှင့်မြို့နယ်ဥပဒေအရာရှိဦးသက်တိုးအောင်ကလူကုန်ကူးမှုကျူးလွန်ပါကချမှတ်နိုင်သည့်ပြ စ်မှု၊ပြစ်ဒဏ်များ၊လူကုန်ကူးခံရခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ကာကွယ်ရမည့်နည်းလမ်း များနှင့်လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဥ်များတွင်ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်မှသာပိုမိုထိရောက်မှုရှိကြောင်းဟောပြောခဲ့သည်။ထို့နောက်လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအ မှတ်စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့တွင်ဆုရရှိသည့်ကျောင်းသား/သူများအားသက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများကဆုများချီးမြှင့်ခဲ့ပြီးမြို့နယ်ရဲတပ်ဖွဲ့ကမူခင်းကျဆင်းရေးအသိပညာ ပေးလက် ကမ်းစာစောင်များကိုတက်ရောက်လာကြသည့်ကျောင်းသား/သူ များ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်ဌာနဆိုင်ရာများအားဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီး မြှင့်ပေးပွဲကျင်းပ

နတ်မောက်မြို့ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီး မြှင့်ပေးပွဲကျင်းပ နတ်မောက် စက်တင်ဘာ၁၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကျောင်းသားလူငယ်များစာအုပ်စာပေ၌နှစ်သက်မွေ့လျှော်ကာရာသက်ပန်ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်ကျင်းပပြုလုပ်သည့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဆုချီးမြှင့်ပေးပွဲကိုယနေ့နံနက်၉နာရီ ခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက်အခြေခံပညာရေးကျောင်းများနှင့်ကျောင်းသား/သူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း၊လူငယ်များအသိအလိမ္မာတိုးအောင်စာပေဖတ်ရှုကြရန်၊စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးရန်နှင့် စာဖတ်ရှိန် မြင့်မားအောင်ဝိုင်းဝန်းကြိုးစားပေးကြရန်တိုက်တွန်းပါကြောင်းအဖွင့်အမှာစကားပြောကြား ပြီးမြို့ပေါ်ရှိအ.ထ.က( ၁)ကျောင်းသား/သူလေးများက“စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်”နှင့် အ.ထ.က(အောင်ဆန်း)ကျောင်းသား/သူလေးများက “အနာဂတ်လူရည်ချွန်”စသည့်သီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြသည်။ထို့နောက်၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွင်းမကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဥ်ကြီးကြပ်မှုဖြင့်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြိုင်ပွဲများဖြစ်သည့်ပုံပြင်ပြောပြိုင်ပွဲ၊ပန်းချီပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများတွင်ဆုရရှိ သည့်ကျောင်းသား/သူများကိုမြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြန်မာနိုင်ငံသဘင်အစည်းအရုံးမကွေးတိုင်းဒေသကြီးအတွင်းရေးမှူး၊မြို့နယ်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်တာဝန်ရှိသူများဆရာ/မများကဆုများကိုချီးမြှင့်ပေးခဲ့သည်။အဆိုပါဆုပေးပွဲသို့သက်ဆိုင်ရာတာဝန်ရှိသူများ၊ဒေသခံပြည်သူများ၊ကျောင်းသား/သူများတက် ရောက်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်နေ ကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတောင်သူအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်နေ ကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတောင်သူအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် စက်တင်ဘာ ၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်မြေသြဇာနှင့်နေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကိုယမန်မေ့နံနက်၁၀နာရီအချိန်ကမြို့နယ်ပြန်ကြားကေးနှင့်ပြည်သူ့ဆက်ဆံကေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံ သုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဦးဝင်းနိုင်ဦးကအဖွင့်အမှာစကားပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးဒေါ်မြင့်မြင့်ချိုကဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက်ဓာတ်မြေသြဇာနှင့်ဆီထွက်သီးနှံနေကြာမျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့်စပ်လျဥ်၍နတ်မောက်မြို့နယ်တွင်ချည်မျှင်ရှည်ဝါစိုက်ဧက( ၃၀၆၄၂)ဧကလျာထားပြီးယနေ့ထိ(၃၀၆၄၈)လျာထားချက် ကျော်လွန်အောင်စိုက်ပျိုးပြီးဖြစ်ရာဝါပန်းတိုင်အထွက်နှုန်းရရှိရေး(၁၇၁၂၄)ဧကစိုက်ပျိုးထားရှိပြီး ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်(၆၂၅)ဧက စိုက်ပျိုးထားရှိပြီးဝါပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်နှင့်မျိုးသန့်ထုတ်စိုက်ပျိုးသည့်တောင်သူများအားကွန်ပေါင်းဓာတ်မြေသြဇာနှင့်နေကြာစိုက်တောင်သူများအားနေကြာမျိုးစေ့ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။အဆိုပါထောက်ပံ့ ပေးအပ်ပွဲသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ၊ဌာနဆိုင်ရာအကြီးအကဲများနှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူးတို့ကဝါပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက်ဆောင် ရွက်သည့်ကျေးရွာအုပ်စု( ၇)အုပ်စုနှင့်မျိုးစေ့ထုတ်ဆောင်ရွက်သည့်ကျေးရွာအုပ်စု(၇)အုပ်စုမှတက် ရောက်လာကြသည့်တောင်သူအစုအဖွဲ့ခေါင်းဆောင်(၆၀)ဦးတို့အားဓာတ်မြေသြဇာနှင့်နေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းသိရသည်

Read More