နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် အောက်တိုဘာ ၁၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာ နတို့ပူးပေါင်း၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်သည့်ကဗျာခေါင်းစဥ်များဖြင့်ရွတ်ဆိုယှဥ်ပြိုင်ခဲ့ကြ ကြောင်းသိရသည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲတွင်အကောင်းဆုံးယှဥ်ပြိုင်နိုင်သည့်ကျောင်းသား/သူ များကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။