နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မေ ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ကျောင်း သား/သူ များဖြင့်ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်ကလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်များအနေဖြင့်ကာယ၊ဥာဏ၊စာရိတ္တ၊မိတ္တ၊သုခဆိုသည့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိစွာအသုံးချ တတ်စေရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာကျောင်းသား/သူလေးများကမိမိတို့ဖတ်ရှုလေ့လာထားသည် “သူငယ်ချင်းကောင်း၊ညီညွတ်ကြပါစို့”ခေါင်းစဥ်ပါပုံပြင်များကိုကိုယ်ဟန်အမူအရာနှုတ်မှုစွမ်းရည်များ ဖြင့်စိတ်ဝင်စားဖွယ်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်ဆုရရှိသည့်ကလေးငယ်များအားမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌နိုင်ငံတော်အစိုးရအဖွဲ့၏ရက်( ၁၀၀)အတွင်း( ၂၈)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန၌နိုင်ငံတော်အစိုးရအဖွဲ့၏ရက်( ၁၀၀)အတွင်း( ၂၈)ကြိမ် မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကျင်းပ နတ်မောက် မေ ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပညာရေးမှူးရုံးကဦးဆောင်ကြီးကြပ်၌နိုင်ငံတော်အစိုးရအ ဖွဲ့၏ရက်( ၁၀၀)အတွင်း( ၂၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ ဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲကိုယနေ့နံနက်၉ နာရီ အချိန်ကလူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဝင်းနိုင်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ် ပညာရေးမှူးဒေါ်သန်းသန်းအေးနှင့်ဆရာ/မတို့က( ၂၈)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲ များတွင်နတ်မောက်မြို့နယ်ရှိအထက်တန်း၊အလယ်တန်းနှင့်မူလတန်းရှိကျောင်းသား/သူ( ၃၅)ဦးတို့ အားမူးယစ်ကင်းစင်တို့ပြည်တစ်ခွင်သာယာလှပအနာဂတ်ဘဝ၊လွယ်လွယ်နဲ့ရသုံးစွဲကြမူးယစ်သား ကောင်ဖြစ်နေရ၊ဝိုင်းဝန်းကာကွယ်တားဆီးမှ၊မူးယစ်ကင်းစင်-တို့ဝန်းကျင်ပျော်ရွှင်ချမ်းမြ-လုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့မူးယစ်ဆေးကိုအမြစ်ဖြတ်စို့၊ဗလငါးတန်ခိုင်မြဲဖို့မူးယစ်ဆေးကိုတိုက်ဖျက်စို့၊အ ဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့ခေါင်းစဥ်များဖြင့်ယှဥ်ပြိုင်နေကြသည့် ကျောင်းသား/သူ များအားကြည့်ရှုအားပေးခဲ့ကြပြီးပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပညာရေးမှူးရုံး မှဆုများကိုအသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာပြိုင်ပွဲပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာပြိုင်ပွဲပြုလုပ် နတ်မောက် ဧပြီ ၉ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့်အင်္ဂလိပ်စာအရည်အသွေးပိုမိုတိုးတက်လာစေရန်အင်္ဂလိပ်စာစွမ်း ရည်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူလူငယ်များပြင်ပဗဟုသုတများရှာဖွေလိုစိတ်ရှိစေရန်၊မိမိတို့၏စွမ်းဆောင်ရည်ကိုထုတ်ဖော် ပြသနိုင်သည့် အခွင့်အလမ်းများ ရရှိစေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပြိုင်ပွဲများစီစဥ်ပေးရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာတက် ရောက်လာကြသည့်ကျောင်းသား/သူများကမိမိတို့ကြိုက်နှစ်သက်ရာအင်္ဂလိပ်စာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိကဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ပန်းချီပြိုင်ပွဲကျင်းပ နတ်မောက် ဧပြီ ၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကလေးငယ် များ၏ဖန်တီးနိုင်စွမ်းရည်နှင့်စိတ်ကူးစိတ်သန်းများမြှင့်တင်ပေးနိုင်ရန်နှင့်စာကြည့်တိုက်နှင့်ပိုမိုရင်းနှီး ကျွမ်းဝင်မှုရှိစေရန်ယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ တွင်ပန်းချီပြိုင်ပွဲကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများအနေဖြင့်နွေရာသီကျောင်းပိတ်ရက်များတွင်အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ပန်းချီပညာကိုစိတ်ဝင်စားလာစေရန်နှင့်မိမိတို့၏စိတ်ကူးများကိုဆေးရောင်ခြယ်မှုန်းခြင်းဖြင့်ထုတ်ဖော်ပြသနိုင်စေရန်အတွက်ကျင်းပရခြင်းဖြစ်ကြောင်း                ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာပန်းချီသင်တန်းတွင်တက်ရောက်လာကြသည့် ကျောင်းသား/သူများကမိမိတို့၏စိတ်ကူးစိတ်သန်းကောင်းများဖြင့်စိတ်ကြိုက်ပုံများကိုရေးဆွဲယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ကဆုများကိုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် ဧပြီ ၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကျောင်း သား/သူ များအားလပ်ရက်တွင်အကျိုးရှိစွာအသုံးချတတ်စေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်ပုံပြင်ပြောပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင် က  ကလေးငယ်များစာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊လူအများရှေ့တွင်ပြောဆိုဆက်ဆံရာ၌ရဲဝံ့စွန့်စားသည့်စိတ်ဓာတ်များရှိလာစေရန်၊စာဖတ်ခြင်းမှရရှိသည့်အသိပညာဗဟုသုတများကိုပြန်လည်မျှဝေတတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း         ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲကိုကျင်းပရာတက်ရောက်လာကြသည့်ကျောင်းသား/သူများက မိမိတို့နှစ်သက်ရာပုံပြင်များကိုကိုယ်ဟန်အမှုအရာအပြည့်အစုံဖြင့်ယှဥ်ပြိုင်ပြောဆိုခဲ့ကြသည်။ ထို့နောက်တက်ရောက်လာကြသည့်ကျောင်းသားမိဘများနှင့်ကလေးငယ်များကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကခင်းကျင်းပြသထားသည့်နံရံကပ်စာစောင်များနှင့်သုတ၊ရသစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ နတ်မောက် ဧပြီ  ၂ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ကျောင်းသား/သူများအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍အင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက် ၉နာရီခွဲအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူများနွေရာသီကျောင်းပိတ်ရက်ရှည်အတွင်းအချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊အင်္ဂလိပ်စာအသံထွက်များမှန်ကန်စေရန်နှင့်လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုဖတ်ကြားနိုင်သည့်သတ္တိများမွေးမြူပေးနိုင်ရန်အတွက်ယခုကဲ့သို့ပြိုင်ပွဲများကိုစီစဥ်ရခြ င်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုဆက်လက်ကျင်းပရာတက်ရောက်လာကြသည့် ကျောင်းသား/သူလေးများကသတ်မှတ်ထားသည့်အင်္ဂလိပ်စာပိုဒ်တိုများနှင့်ပုံပြင်များကိုဖတ်ကြား ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲသို့ကျောင်းသားမိဘများနှင့်စာပေဝါသနာရှင်များတက်ရောက် အားပေးခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌တပ်မတော်နေ့အထိမ်းအမှတ်စာစီ စာကုံးပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၃ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျောင်းသား/သူ များအသိပညာဗဟုသုတတိုးပွားစေရန်နှင့်နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်များရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍တပ်မတော်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက်ပိုင်းကအဆိုပါရုံးရှိလူထုအ ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင် ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်မျိုးဆက်သစ်လူငယ်များအနေဖြင့်တပ်မတော်၏သမိုင်းကြောင်း နှင့်နေ့ထူးနေ့မြတ်များကိုသိရှိနားလည်စေရန်၊စာဖတ်ခြင်းမှရရှိသောဗဟုသုတများကိုပြန်လည်အသုံး ချတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊စာပေစွမ်းရည်ထက်မြက်လာစေရန်အတွက်ရည် ရွယ်ကြောင်းပြောကြားရှင်းလင်းခဲ့သည်။ထို့နောက်ပြိုင်ပွဲတွင်တပ်မတော်နေ့နှင့်မျိုးချစ်စိတ်ဓာတ် ခေါင်းစဥ်ဖြင့်ကျောင်းသား/သူ များစိတ်ပါဝင်စားစွာဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာပြိုင်ပွဲတွင်ဆုရရှိသူ များအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဆုများကိုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။  

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်ကလေး ငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့်ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာ စေရန်ရည်ရွယ်၍စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉ နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကပြိုင်ပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့်ကျောင်းသား/သူ များအနေဖြင့်ကျောင်းသင်ခန်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့်လူအများရှေ့ တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကိုစဥ်ဆက် မပြတ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ထို့နောက်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုကျင်း ပခဲ့ရာကျောင်းသား/သူ များကသတ်မှတ်ထားသည့်ရုပ်ပုံပါပုံပြင်စာအုပ်များနှင့်ဗဟုသုတဖြစ်ဖွယ် ဆောင်းပါးများကိုတစ်ဦးချင်းစီအလိုက်စိတ်ဝင်စားဖွယ်ဖတ်ကြားယှဥ်ပြိုင်ခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမ၌ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် မတ်၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကျောင်း သား/သူများစာဖတ်ရှိန်မြင့်မားလာစေရန်နှင့်နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၉နာရီအချိန်ကလူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ကျင်း ပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယဦးစီးမှူးဒေါ်သင်းသင်းဝေကကျောင်းသားလူငယ်များအသိပညာဗဟုသုတကြွယ်ဝစေရန်၊ဥာဏ်ရည် ဥာဏ်သွေးထက်မြက်စေရန်နှင့်အများပြည်သူရှေ့တွင်ရဲဝံ့စွာစကားပြောဆိုနိုင်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်အတွက်ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်း ပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိမိတို့ကြိုက်နှစ်သက်ရာကဗျာခေါင်းစဥ်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ကျောင်းသား/သူလူငယ်များအားကာယ၊ဗလ၊ဥာဏ၊စာရိတ္တနှင့်မိတ္တဟူသောဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပြိုင်ပွဲများ၊ ဟောပြောပွဲများနှင့်နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများကိုစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန(CommunityCentre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ နတ်မောက် မတ် ၁၇ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးငယ်များဥာဏ်ရည်ဥာဏ်သွေးထက်မြက်စေရန်နှင့်စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နေ့လယ်ပိုင်းအချိန်ကကျင်းပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်း သား/သူများအနေဖြင့်အားလပ်ရက်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်နှင့်စာဖတ်ခြင်းကိုဝါသနာပါလာစေရန်ရည်ရွယ်၍ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်ပြိုင်ပွဲကိုကျင်းပခဲ့ရာမြို့ပေါ်ရှိကျောင်းသား/သူလေးများကမိ မိတို့နှစ်သက်သည့်ပုံပြင်များဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင်အမူအရာနှုတ်မှုစွမ်းရည်ထက်မြက်စွာ ယှဥ်ပြိုင်နိုင်သူများကိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှအမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးပြသထားသည့်နံရံကပ်စာစောင်များကိုလည်းကျောင်းသား/ သူ များကစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More