နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၂၁ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကိုယနေ့နံနက်၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံခန်းမတွင်ကျင်း ပခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူထက်ဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးဒုတိယမြို့နယ်ပညာရေးမှူးဒေါ်သဥ္ဇာခိုင်ကပြိုင်ပွဲ၏အမှတ်ပေးစည်းကမ်းချက်များကိုရှင်း လင်းပြောကြားခဲ့သည်။ဆက်လက်၍ပြိုင်ပွဲများကိုကျင်းပခဲ့ရာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)၊အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၊အခြေခံပညာမူလတန်းကျောင်း(စျေးရပ်)တို့မှ(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာများဖြင့်ရွတ်ဆိုယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ ကျောင်းသား/သူစုစုပေါင်း(၁၂)ဦးဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသည့်ကျောင်းသား/သူများအား၂၀၂၆ခု နှစ်ဖေဖော်ဝါရီ၁၂ရက်ပြည်ထောင်စုနေ့အခမ်းအနားတွင်ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၂၀ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာနတို့ပူး ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန (Community Centre)ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား/သူ များစာပေလေ့ လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ကျောင်း သင်ခန်းစာအပြင်စာပေဗဟုသုတပြည့်စုံနိုင်စေရန်နှင့်နှုတ်မှုစွမ်းရည်တိုးတက်စေရေးတို့အတွက်ပြိုင်ပွဲများပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီးအခြေခံပညာမူလတန်းအဆင့်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ကဗျာများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြရာဆုရရှိသည့်ကျောင်းသား/သူလေးများကိုမြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိကဆုများချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ်

နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်စာဖတ် ဝိုင်းပြုလုပ် နတ်မောက်  ဇန်နဝါရီ၁၉ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာအုပ်စာစောင် ချစ် မြတ်နိုးသူအသင်း(Book Club)တို့ ပူးပေါင်း၍စာဖတ်ဝိုင်းကိုယနေ့နံ နက်၁၀နာရီအချိန်ကလူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်း မတွင်ကျင်းပခဲ့သည်။                       …

Read More

နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ

နတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟော ပြောပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၈ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌မူးယစ်ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာ ပေးဟောပြောပွဲကိုယနေ့နံနက်၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံး ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ် လူမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေးဆိုင်ရာအကြောင်းအရာ များကိုရှင်းလင်းခြင်း၊မြို့နယ်ဥပဒေ ရေးရာဦးစီးအရာရှိ ဦးငြိမ်းချမ်းထွန်းကမူးယစ်ဆေးဝါး များအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ထို့နောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူး သန်းထွန်းကမူးယစ်ဆေးစွဲသူများ၏လက္ခဏာများ၊မူးယစ်ဆေးသုံးစွဲရောင်းဝယ်ပါကကျခံရမည့်ပြစ်မှု ပြစ်ဒဏ်များ၊မူးယစ်ဆေးဝါးအမျိုးအစားများ၊မူးယစ်ဆေးဝါးများသည်လက်လှမ်းမီသောနေရာတွင်ရောက် ရှိနေသဖြင့်မိမိတို့အပါအဝင်ပြည်သူ များမူးယစ်သံသရာထဲမကျရောက်ရန်အရေးကြီးကြောင်း၊အနာဂတ် မျိုးဆက်သစ်များကိုကောင်းမွန် သည့်လက်ဆင့်ကမ်းအမွေပေးနိုင်…

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၆ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင်ကျောင်းသား/သူလေးများ စာပေလေ့လာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အနာဂတ်တွင်အသိပညာဗဟုသုတကြွယ်ဝသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန် ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာပြိုင်ပွဲတွင်ကျောင်းသား/သူလေးများကမိမိတို့နှစ်သက်သည့်ခေါင်းစဥ်များဖြင့်ယှဥ်ပြိုင်ခဲ့ကြရာ ဝင်ရောက်ယှဥ်ပြိုင်သည့်ကျောင်းသား/သူလေးများအားမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်ကဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား/ သူလေးများကမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများကပြသထားသည့် နံရံကပ်စာစောင်များကိုကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၅ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကိုယမန်နေ့နေ့လည်၂နာရီအချိန်ကအခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင်ကျင်းပပြု လုပ်ခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒေါ်သိမ့်သိမ့်မိုးဦးစီးအရာရှိ(တွဲဖက်) က လူငယ်ရေးရာနှင့်ပတ်သက်၍စာဖတ်ရှိန်မြှင့်တင်ရေး၊စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့်လူငယ်တွေအားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိအသုံးချစေလိုကြောင်း၊အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့်ပတ် သက်၍လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊Viber၊YouTube၊Messenger၊TikTokတို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍စာဖြင့်ဆက်သွယ်ကာငွေကြေးလိမ် လည်ခြင်း၊သွေးဆောင်ကာလူကုန်ကူးခြင်းတို့ကိုအွန်လိုင်းမှတစ်ဆင့်ကျူးလွန်ကြခြင်းကိုအသိ သတိဖြင့်ဆင်ခြင်ကြရန်ကျောင်းသား/သူများအားအသိပညာပေးဟော​ပြောခဲ့ကြောင်းသိရသည်။

Read More

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ      

နတ်မောက်မြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကျင်းပ                                                       နတ်မောက် ဇန်နဝါရီ ၁၅ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကို  ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)  ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။                               …

Read More

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ နတ်မောက် ဇန်နဝါရီ၁၄ မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌စာဖတ်ရှိန်မြှင့်တင်ရေးအင်္ဂလိပ်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုယနေ့နံနက်၉နာရီခွဲ အချိန်က                       လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်ဥမ္မာခင်ကကျောင်းသား/သူလူငယ်လူရွယ်များ                         စာပေဗဟုသုတများသိရှိနားလည်ပြီးဥာဏ်ရည်ထက်မြတ်သည့်ဘက်စုံထူးချွန်သောလူရည်မွန်၊…

Read More

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ  

နတ်မောက်မြို့နယ်တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ                         နတ်မောက်  ဇန်နဝါရီ ၁၄ မကွေးတိုင်းဒေသကြီး၊ နတ်မောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြသည်။       ရှေးဦးစွာအမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီးကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဝင်းမေထွန်း (စာထောက်-၃) က အားလပ်ချိန်များတွင် ကျောင်းစာကြည့်တိုက် သို့သွား၍ ဖတ်ရှုခြင်း၊ စာအုပ်စာပေများ မိမိ ဘာသာ ဝယ်ယူဖတ်ရှုခြင်း၊…

Read More

နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

နတ်မောက်မြို့နယ်တွင်ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ နတ်မောက်            ဇန်နဝါရီ ၁၃ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်း စာစောင်များကိုယမန်နေ့ နေ့လည်(၁၂)နာရီအချိန်ကအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ သူများအားဖြန့်ဝေပေးခဲ့သည်။                        အဆိုပါအသိပညာပေးလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ၊ ကလေး၊လူရွယ်၊လူငယ်၏အဓိပ္ပာယ်ဖော်ပြချက်၊ကလေးအလုပ်သမားများ၏…

Read More